Ep - 6

1.1K 170 37
                                    

(Unicode)

ရိပေါ်က ဆိုင်သွားဖွင့်ပြီဖြစ်တာကြောင့်ရှောင်းကျန့်က ရိပေါ်ရဲ့ အိမ်က်ိုသန့်ရှင်းရေးလုပ်နေလိုက်၏။

ရိပေါ်က ရှောင်းကျန့်ကိုအားနာပေမယ့် ပြောမရတာနဲ့ လုပ်ချင်ရာလုပ်ပါစေဟုသာလွှတ်ထားလိုက်သည်။

သူများက်ိုစော်ကားရာကျမလားမသိပေမယ့် မတွေးကောင်းတွေးကောင်း  ရှောင်းကျန့်က သူခိုးတစ်ယောက်ဖြစ်ရင်တောင် ရိပေါ်အိမ်မှာ ခိုးစရာတန်ဖိုးကြီးပစ္စည်းဘာမှမရှိတာကြောင့် စိတ်ချလက်ချထားလို့ရခြင်း။

ရှောင်းကျန့်က လျှော်စရာအဝတ်တွေကို အဝတ်လျှော်စက်ထဲပစ်ထည့်ကာ လျှော်ပေးလို့ အဝတ်တွေလှန်းထားပေးလိုက်သည်။

အိမ်က အရမ်းကြီးညစ်ပတ်မနေပေမယ့် ချွတ်ပြီးသား အကျီတွေရယ် စားလက်စ မုန့်ခွံတွေရယ်နဲ့ရှုပ်ပွနေတာသာဖြစ်၏။

တီဗီနဲ့ စားပွဲခုံပေါ်မှာလည်း ဖုန်စတစ်ချို့တင်နေသည်။ဖုန်လည်းသုတ်ပုံမရပေ။  ဝမ်ရိပေါ်ကတကယ့် ညစ်ပတ်ပေတူးလေး။

တီဗီစင်နားမှာ ထောင်ထားတဲ့ ဓာတ်ပုံမှန်ဘောင်လေးတွေကိုလည်း ဖုန်သုတ်ရင်း တွေ့ရသည်။ ရိပေါ်ရဲ့ မိသားစုဓာတ်ပုံလေးတွေ ဖြစ်လောက်သည်။

ရိပေါ်က ငယ်ငယ်တုန်းက ပါးဖောင်းဖောင်းရဲရဲလေးနဲ့ အတော်ချစ်စရာကောင်း၏။ အသက်ကြီးလာတော့လည်း ငယ်ငယ်တုန်းကလို ပါးဖောင်းဖောင်းလေးတွေက ပျောက်မသွားပေ။

ဓာတ်ပုံလေးတွေကို သေချာကြည့်မှရိပေါ်က အဖေရော အမေရောနဲ့ တူတဲ့သားလေးပဲဖြစ်၏။

ရှောင်းကျန့်က ဖုန်တွေလိုက်သုတ်ပေးရင်းနဲ့ ရိပေါ်ကုတင်ဘေးက စားပွဲခုံအသေးလေးပေါ်မှာ မှောက်လျက်ထားထားတဲ့ ဓာတ်ပုံမှန်ဘောင်လေးကိုသွားတွေ့သည်။

ထိုဓာတ်ပုံလေးမှာတော့ ပြတ်သွားတဲ့ အရင်ရည်းစားဟောင်းနဲ့ အတူရိုက်ထားတာဖြစ်ရမည်။ ရိပေါ်က ထိုကောင်မလေး ပခုံးကိုဖက်လျက် လက်နှစ်ချောင်းထောင်ပြီးပြုံးနေ၏။ ကောင်မလေးကတော့ အပြုံးအရယ်မရှိ လက်ပိုက်ထားလျက်။

ZERO MILE Where stories live. Discover now