Ep - 15

2.8K 230 101
                                    

(Unicode)

အဖြေမပေးမချင်းနောက်ကနေ တကောက်ကောက်လိုက်ကပ်နေတာက ရှောင်းကျန့်ပါပင်။

ရှောင်းကျန့်က မထင်ရင်မထင်သလို ဆွဲဖက်တတ်သည်။ စိတ်ကူးပေါက်ရင်လည်း ထနမ်းတတ်သည် ။ ရိပေါ်က အဖြေမပေးရသေးပေမယ့် ရှောင်းကျန့်ကတော့ ရည်းစားတွေဖြစ်နေကြသလိုမျိုးပြုမူနေသည်။

အသေးစိတ်လိုက် ဂရုစိုက်တတ်တာလည်း ပြောင်းလဲမသွားပေ။

အချိန်တွေနှစ်လကုန်သွားပြီဖြစ်ပေမယ့်လည်း ရိပေါ်က ရှောင်းကျန့်ကို အဖြေပြန်မပေးရသေး။ နမ်းခံရတဲ့အချိန်ဆိုလည်း ဖယ်ထုတ်ခြင်းမပြု လိုလိုလားလားလက်ခံသည်။

ဆွဲဖက်ခံရရင်လည်း ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပေးလိုက်၏။

အဖြေမပေးရသေးတာကတော့ ရိပေါ်က ရှောင်းကျန့်ကို မယုံနိုင်သေးလို့ပဲဖြစ်၏။ ရှောင်းကျန့်တင်မှမဟုတ် ဘယ်သူ့ကိုမှ လက်လွတ်စပယ် မယုံကြည်ရဲတာမျိုးဖြစ်သည်။

" ကောကော ဖယ်ကွာ။ ဒီမှာ ကောင်းကောင်း မအိပ်ရတော့ဘူး "

ရှောင်းကျန့်က နောက်ကနေ သိုင်းဖက်ကာ အတင်းဖြစ်ညှစ်ထားသည်ကြောင့် ရိပေါ်မှာ အသက်ရှုတောင်မရဝောာ့။

" အရမ်းနာသွားလား "

ရှောင်းကျန့်က ဖက်ထားတာကိုဖြေလျှော့ပေးပြီးနောက် ဂုတ်ပိုးကိုနမ်းခံလိုက်ရာ ရိပေါ်မှာ တွန့်ခနဲဖြစ်သွား၏။ ရှောင်းကျန့်ကတော့ ရိပေါ်ရဲ့ ဂုတ်ပိုးက မှဲ့လေးတွေကိုနမ်းရတာ အရမ်းသဘောကျသည်။

" အရိုးကျိုးတော့မယ် "

" ဒါဆို ဖွဖွလေးပဲဖက်ထားပေးမယ် "

နောက်ကနေ သိုင်းဖက်ထားတဲ့အတွက် ရိပေါ်ရဲ့ ကျောမှာကပ်နေတဲ့ ရှောင်းကျန့်ရဲ့ ရင်ဘတ်အစုံက နိမ့်ချည်မြင့်ချည်။ ရှောင်းကျန့်ကတော့ ရိပေါ်ရဲ့ ဆံပင်တွေထဲကို နှာခေါင်းနှစ်ရင်း အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်သွားလေပြီ။

နှာခေါင်း မယားဘူးလားလ်ို့ ဟိုတလောက မေးကြည့်မိတော့ မယားပါဘူးတဲ့လေ။ ဆံပင်မှာစွဲငြိနေတဲ့ ရှန်ပူနံ့ကို သိပ်သဘောကျပါသတဲ့။

You've reached the end of published parts.

⏰ Last updated: May 06, 2022 ⏰

Add this story to your Library to get notified about new parts!

ZERO MILE Where stories live. Discover now