Ep - 12

1.2K 188 107
                                    

(Unicode)

စစချင်း ခပ်ကြမ်းကြမ်းဖိနမ်းမိပေမယ့် နောက်မှ တဖြည်းဖြည်းအရှိန်လျှော့ကာ နှုတ်ခမ်းဖူးဖူးလေးကို ခပ်ဖွဖွပြန်စုပ်သည်။ ပြီးမှ အရှိန်ပြန်တင်သည်။

ရှောင်းကျန့်ရဲ့လက်နှစ်ဖက်လုံးက ရိပေါ်ရဲ့ခါးတစ်ဝိုက်ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည်။ ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့လက်မောင်းသားတွေက်ို ဆုပ်ကိုင်ထားလျက် မျက်လုံးတွေကိုမှိတ်ထား၏။

လျှာနှစ်ခုကလည်း အချင်းချင်းရစ်ပတ်ကာ တုတ်ထိုးချိုချဥ်လုံးစုပ်နေသလိုမျိုး နှုတ်ခမ်းချင်းစုပ်ယူရင်း အတောမသတ်နိုင်။

ရိပေါ်ရဲ့ နှုတ်ခမ်းတွေက နူးညံ့ပြီး အိထွေးထွေး။ နှုတ်ခမ်းချင်း ဆက်စပ်နေကြသည်ကြောင့် နှာဖျားဝမှ လေနွေးနွေးတွေပါ ခံစားလို့ရနေသည်။

ခေါင်းကို ဘယ်ယိမ်းညာယိမ်းဖြင့် နမ်းရှိုက်နေကြသည်မှာ အတော်ကြာကြာပင်။

ရိပေါ်မှာ တစ်ခါမှ ဒီလိုမျိုးအနမ်းမခံရဖူးပေ။ ပိုတိုးလို့ နမ်းခံရလေလေ ခန္ဓာကိုယ်က လောင်မြိုက်လာလေပင်။ ရှောင်းကျန့်မှာ အားပါပါနဲ့ ဖိစုပ်နေသည်မှာ ရိပေါ်ရဲ့နှုတ်ခမ်းတွေသာမက တစ်ကိုယ်လုံးပါကျိုးကြေမတတ်။

နှုတ်ခမ်းလွှာတွေကိုပဲ အာရုံရောက်နေတဲ့ ရှောင်းကျန့်က ခုချိန်မှာ ဘယ်အရာကိုမှ သတိမရတော့ပေ။ နမ်းလေလေ ပိုပြီးလိုချင်လေလေ အရှိန်မလျှော့နိုင်လေလေဖြစ်သည်။

နှုတ်ခမ်းချင်းပွတ်တိုက်ပါများသည်မှာ ပွန်းတော့မယ့်အထိ။ နှုတ်ခမ်းထောင့်တွေကနေ သွားရေမျှင်တန်းတွေစီးကျလာတော့မှ ရှောင်းကျန့်က နှုတ်ခမ်းတွေကို အနားပေး၏။

အကြမ်းပတမ်းနမ်းခံထားရ၍ မောဟိုက်နေတဲ့ ရိပေါ်ကို ခပ်စေ့စေ့ကြည့်ပြီး ရှောင်းကျန့်က ဆံစလေးတွေကို သပ်တင်ပေး၏။

ရိပေါ်လည်း ရှောင်းကျန့်ကိုပြန်ကြည့်နေရင်း လက်မောင်းတွေကိုဆုပ်ကိုင်ထားဆဲ။ သူတို့နှစ်ယောက်ဟာ ဘာမှလည်းမဆ်ိုင်ပါပဲ နှုတ်ခမ်းချင်း ကျူးလွန်ပြီးကြပြီ။

ZERO MILE Where stories live. Discover now