Ep - 8

1.1K 180 114
                                    

(Unicode)

မနက်ခင်း ဆိုင်ဖွင့်လိုက်တာနဲ့ စျေးဝယ်တွေကပြုံလာသည်။ ဒီနေ့က စျေးပိုရောင်းကောင်းနေသည်မှာ ဟောက်ရွှမ်းနဲ့ ကျိရန်တို့ရဲ့ online marketing စွမ်းအားလို့ပြောရမယ်ထင်သည်။ ဒီကောင်တွေ live လွှင့်ပြီး စျေးရောင်းရာ အပြောကောင်းတာကြောင့် ရိပေါ်တို့ အဟောင်းထည်ဆိုင်လေးက လူသိများလာတာဖြစ်သည်။

တစ်မနက်ခင်းလုံးစျေးဝယ်ကျနေ၍ နေ့လည်စာတောင်နောက်ကျမှစားရသည့်အဖြစ်။

နေ့လည်စာစားနေရင်းနဲ့မှ ဟောက်ရွှမ်းက စကားစသည်။

" ရိပေါ် မနေ့ညက hot search ထဲမှာ မင်းရောက်လာသေးတယ်သိလား "

" ဟေ .. ငါမသိဘူး "

" ငါတောင် ကျိရန်ကိုပြသေးတယ် .. ဟုတ်တယ်မလား ကျိရန် "

" အင်း ... မင်းပိုက်ဆံတွေကောက်နေတဲ့ပုံလေ "

ကျိရန်က ကြက်ပေါင်ကိုက်ရင်းနဲ့မှ ဝူးဝူးဝါးဝါးပြောနေသည်မှာ သိပ်မသဲကွဲ။ ပိုက်ဆံတွေကောက်နေတဲ့ပုံဆိုတော့ ရင်ထဲ ဒိတ်ခနဲဖြစ်သွားရသည်။

မဟုတ်မှလွဲရော ?

" နေဦး ငါ စက်ခရင်ရှော့ ရိုက်ထားတယ် ပြပေးမယ် "

ဟောက်ရွှမ်းကို ဖုန်းကိုထောင်ပြလာသည်နှင့် ရိပေါ်လက်ထဲက တူတစ်စုံမှာ ကြမ်းပြင်ပေါ်လွတ်ကျသွား၏။ဒါဆို သူအရှက်ကွဲခဲ့တာက လိုင်းပေါ်ရောက်လို့ hot search ဝင်သွားခဲ့တယ်ဆိုတာ ဟောက်ရွှမ်းပြလို့သာ ယုံရသည်။

တိုင်းသိပြည်သိအရှက်ကွဲမှုကြီးပေါ့။

ရိပေါ်မှာ ထမင်းတောင် ဆက်မစားနိုင်တော့ပဲ စားလက်စထမင်းတွေတောင် မဝါးပဲ မျိုချမိသည်။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူတောင်းစားလိုကောက်နေခဲ့ရသည့်အဖြစ်ကို တစ်သက်လုံးမေ့နိုင်မယ်မထင်တော့။

" ငါပေးခဲ့ဖူးသမျှအရာတွေအတွက် လျော်ကြေးတောင်းလိုက်တာလေ။ ငါ့ကို အဲ့လိုလုပ်သွားတာပဲ..... ဟား။ လိုင်းပေါ်ထိရောက်လာမယ်တော့ မထင်မိဘူး "

ရှက်တာရော ခံပြင်းတာရောကြောင့် လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။ မျက်ရည်ဝဲလာလို့ ခေါင်းကိုမော့ကာ မျက်ရည်မကျအောင် မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။

ZERO MILE Where stories live. Discover now