The Liar (Part - 1)

6.8K 111 17
                                    

- Bromance , Action , Royal
- Fluff , Dirty talk

[ ဤဝတ္ထုအတွင်း ပါဝင်သောအရာများသည် စာရေးသူ၏ စိတ်ကူးယဥ် အရာများသာဖြစ်ကြောင်း အသိပေးလိုပါ၏။ ]

( Unicode )

အမှောင်အတိ ညသန်းခေါင်ယံ အချိန်တွင်တော်ဝင် စံအိမ်ကြီးတစ်ခုလုံးက တိတ်ဆိတ်နေလို့ ချွေးတရွှဲရွှဲနဲ့ ပြေးလွှားနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခြေသံတွေက ​ခြောက်ခြားဖွယ် ကျယ်လောင်လွန်းလှသည်။

" *တောက်... နင်တို့ဒီကလေး တစ်ယောက်ကိုတောင် မဖမ်းမိဘူးဟလား "

စံအိမ်ကြီးဆီမှာ တောက်ခေါက်သံတစ်ခုက ကျယ်လောင်စွာ ပေါ်ထွက်လာတော့ ပြေးနေတဲ့ ခြေထောက်တွေက အရှိန်ပိုမြန်သွားသည်။

" မယ်တော် သူက ကလေးတစ်ယောက်မဟုတ်တော့ပါဘူး "

အနောက်မှ ထွက်လာတဲ့ အသံက ပိန်သွယ်သွယ် အမျိုးသမီးတစ်ယောက်ဆီမှ ဖြစ်သည်။ စံအိမ်တော်ကြီး တစ်ခု လုံးရဲ့ အာဏာအရှိဆုံး အမျိုးသမီးတစ်ယောက်ကို ပြန်ပြောရဲဆိုရဲတာ ထိုမိန်းကလေးတစ်ဦးသာ။

" မမလေး ကျွန်တော်တို့ကို ချမ်းသာပေးပါ "

အစေခံတွေရဲ့ စကားသံကို အဖက်မလုပ်သလို နောက်လှည့်ထွက်သွားသည့် ထိုမိန်းကလေး။ မယ်တော်ကြီးရဲ့ မျက်နှာတို့ကတော့ မဲ့ရွဲ့လျက် အကူညီတောင်းခံနေသူတို့ကို အသက်မဲ့သည့် မျက်ဝန်းတို့ဖြင့် တစ်ချက်လှည့်ကြည့်ကာ။

" အသုံးမကျတဲ့ သူတွေကို ငါ့အိမ်မှာ အလိုမရှိဘူး "

ထိုစကားအဆုံး တချိန်းချိန်းမြည်လာတဲ့ မိုးချုန်းသံတွေကြားမှာ သေနတ်သံက ကျယ်လောင်စွာ ပြေးလွှားနေသော ကောင်လေးနားထဲသို ဝင်ရောက်လာသည်။
နှဖူးပြင်ပေါ်မှ ချွေးစက်တို့ပင် မြေပြင်ထိလုနီးပြီ ထိုစံအိမ်ကြီးမှ အတော် ဝေးဝေးကို ပြေးထွက်လာခဲ့ပေမဲ့ ဘယ်ကိုဦးတည်လို့ တည်ရမှန်းမသိ။

အသုံးမကျတဲ့ မျက်ရည်တွေကို ဖယ်သုတ်ရင်း လမ်းဘေးကို အကြည့်ရောက်သည်။ ​နေထွက်စပြုနေပြီထင် ရောင်နီလင့်လို့ မှောင်ရိပ်ကွယ်လုနီးပြီ။ ပင်ပန်းလွန်းတဲ့ ကိုယ်က ခြေချစရာနေပင်မရှိ ညစ်တေတေ လမ်းဘေး တစ်ခု၌သာလှဲချရင်း ကတ္တရာ ခင်းထားသည့် လမ်းမကြီးကို မျက်နှာမူလျက် မျက်လုံးများမှေးစင်းသွားတော့သည်။

Ohmnanon ||°One shot°||Where stories live. Discover now