အပိုင်း ၈

560 96 0
                                    


Unicode

" ဒီအစေခံ အဲ့နန်းတွင်းသူကိုသိပါတယ် ရှုဖေး "

ယဲ့ရှုဖေးသည် မျက်မှောင်ကြုတ်ပြီး
" ဘယ်လိုသိတာလဲ "

ယဲ့ရှုဖေး၏ အစေခံ သည် ဒူးထောက်ချပြီး

" သူမ နာမည်က မိန်မိန် ပါ ၊ ဆုကျဲယွီရဲ့ နန်းဆောင်က အစေခံပါ ၊ဒါပေမယ့် အဆင့်သိပ်မမြင့်တာ
ကြောင့် လခအနည်းငယ်ပဲ ရပါတယ် ၊ သူမရဲ့
မိခင်နာမကျန်းဖြစ်နေတာကြောင့် ငွေအခက်အခဲ
ဖြစ်နေလို့ သူမရဲ့သွေးဝေးတဲ့အစ်မကို အကူအညီ
တောင်းနေတာ ဒီအစေခံ မြင်ဖူးပါတယ် "

ယဲ့ရှုဖေးသည် ' အို ' ဟူ၍ သံရှည်ဆွဲပြီး ဆုကျဲယွီ ကို
ကြည့်ပြီး မေးလိုက်သည်။ ထိုအကြည့်များသည်
လှည့်စားမှုအပြည့်ဖြစ်နေလေသည်။

"ဆု ကျဲယွီ နန်းဆောင်ကအစေခံတွေ သိပ်များလွန်းတော့ အစေခံတိုင်းကို မမှတ်မိတာ သဘာဝကျပါ
တယ် ၊ ဒါပေမယ့် ဒီနန်းတွင်းသူက စကားပြောတာ သဘာဝမကျ ၊ တော်ဝင်ကိုယ်လုပ်တော်တစ်ပါးရဲ့
အိဒြေကိုဖျက်စီးနေပြီး ကွေ့ဖင်ကိုဝင်တိုက်သွားတယ်
ဆိုကတည်းက စည်းကမ်းချက်တွေကိုလည်း
ဖောက်ဖျက်နေပြီ "

" အ အင်း ဒါ ကျွန်မရဲ့ အစေခံတွေအပေါ်
ကွပ်ကဲမှု ညံ့ဖျင်းသွားတာပါ ၊ ယဲ့ရှုဖေး ရော
ကွေ့ဖင်ရော ဟာသတစ်ခုကိုမြင်လိုက်ရပါပြီ "

ကွေ့ကျောက်ဟွား တိတ်တဆိတ်နှာမှုတ်လိုက်သည်။
' ဒီလောက်မြန်မြန်ပြီးချင်နေလား ဒါပေမယ့်
ပြဇာတ်ကကျန်သေးတယ် အဟက် '

ကွေ့ကျောက်ဟွား ညင်သာစွာဖြင့် ဆုကျဲယွီကို
ကြည့်ပြီး ခွင့်လွှတ်သလိုလေး ပြောလိုက်သည်။

" ဆုကျဲယွီ ဒီနန်းတွင်းသူအစေခံကို သိပ်ပြီး
ကြီးလေးတဲ့ အပြစ်မျိုးမပေးပါနဲ့၊ သူမရဲ့
မိခင်အတွက် သောကရောက်နေတာမလား "

ဆုကျဲယွီ ၏ အပြုံးများသည် တောင့်တင်းပြီး
စကားဆိုမည့်အချိန်တွင် ယဲ့ရှုဖေးသည်
အစ်မကြီးသဖွယ် ကွေ့ကျောက်ဟွား ကို
ကြည့်ပြီး

" ကွေ့ဖင် ဒီလိုလုပ်လို့မရဘူး ၊ နန်းတွင်းထဲဝင်တည်းက စည်းကမ်းချက်တွေ လိုက်နာနိုင်မှပေါ့ ။
ဒါပထမတစ်ယောက် ဒီတစ်ယောက်ကို ခွင့်လွှတ်လိုက်ရင် နောက်တစ်ယောက်ဆိုတာ ရှိလာလိမ့်မယ် ၊ ကွေ့ဖင်က ညှာတာတတ်လွန်းတယ် "

The Hided Love In Imperial Harem [ Rebirth ] Where stories live. Discover now