အခန်း ၁၂

530 92 1
                                    

Unicode

" အရှင် "

ကွေ့ကျောက်ဟွား သူ့ကို ရင်ခွင်ထဲဆွဲထည့်ပြီး
ငြိမ်နေသည့် အရှင်မင်းကြီးကို ညင်ညင်သာသာ
လေး ခေါ်လိုက်သည်။

" ကျောက်ဟွား မင်း ဘယ်လိုမြင်လဲ "

" ဘာကိုလဲ အရှင် "

" ကိုယ့်ကို "

ကွေ့ကျောက်ဟွား အတန်ငယ်အံ့ဩသွားသည်။
အရှင်မင်းကြီးက ကိုယ့်ကိုယ်ကို 'ကျန်း' ဟု
မသုံးပဲ 'ကိုယ်' ဟု သုံးသွား၍ဖြစ်သည်။

သို့သော် သတိမထားမိသလို အဖြေကို
သတိထား၍ဖြေပေးလိုက်သည်။

" အရှင်က ကောင်းမွန်ပြီးပြည်သူတွေအပေါ်
တာဝန်ကျေပွန်တဲ့ ဘုရင်ကောင်းပါ "

ထိုစကားသည် အလိမ်အညာမဟုတ်ပေ။
ကွေ့ကျောက်ဟွား ငယ်စဥ်တည်းက မှတ်မှတ်ရရ
အဖြစ်အပျက်မှာရှိခဲ့သည်။

ထိုစဥ်က ငတ်မွတ်သည့်ဘေးကြာင့် အရှင်က
သေချာကိုင်တွယ်ဖြေရှင်းပြီး အခွန်နှုန်းကို
လျော့ချပေးခဲ့သည်။ အမတ်များ၏
လာဘ်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှုတို့ကို
လျှော့ချပြီး လုပ်ပိုင်ခွင့်တစ်ချို့ကို ဘုရင်က
ကိုယ်တိုင်ချုပ်ကိုင်ရင်း အောက်ခြေပြည်သူများ
အတွက် အကျိုးရှိမည့် အမိန့်တော်များစွာ
ထုတ်ခဲ့သည်။

ဤသို့ ဆောင်ရွက်မှုများကြောင့် အရှင်မင်းကြီး
သည် ပြည်သူအားလုံး၏ ထောက်ခံမှုကို
ရရှိထားခြင်းဖြစ်သည်။

သို့သော် ထိုသို့လုပ်နိုင်ရန် ညီလာခံတွင်
အမတ်များ၏ အာဏာမျှချေညီရန်
ကြိုးပမ်းခဲ့ရသည်။ မကောင်းသည့်
စိတ်ကူးများရှိသည့် အမတ်များကိုလည်း
အလိမ္မာနည်းဖြင့် တစ်မျိုး၊
ဖိအားပေး၍တစ်မျိုး ဖယ်ရှားခဲ့သည်။

ကြားကနစ်နာခဲ့သည့်တစ်ချို့မှာ ဘုရင့်
အနောက်ဆောင်တွင်းက သူများဖြစ်သည်။

သို့သော် ကွေ့ကျောက်ဟွား သိသည့်တစ်ချက်ရှိသေးသည်။ ဤသို့ကြုံရမည်ကိုသိလျက် အနောက်ဆောင် ထဲဝင်လာသည့်သူများလည်းရှိသည်။

ကျူးညီအစ်မတွေကဘယ်ထဲပါနေမလဲမသိပဲ
သူက အရှင်မင်းကြီးကိုဖြစ်စေ၊ ကျူးညီအစ်မကို
ဖြစ်စေ မှတ်ချက်ပြုပြီး ရှုံ့ချအပြစ်တင်မည်မဟုတ်ပေ။

The Hided Love In Imperial Harem [ Rebirth ] Donde viven las historias. Descúbrelo ahora