Unicodeထိုက်ဟုတ်အဆောင်က ပြန်လာသည် လမ်းတွင်
တစ်စုံတစ်ရာသည် အမှန်တစ်ကယ်ကို ဖြစ်ပျက်တော့
သည်။' ဘုတ် '
အစေခံမိန်းကလေးတစ်ယောက်သည် အမြန်
အသော့နှင်လာသဖြင့် ကွေ့ကျောက်ဟွား အား
ဝင်တိုက်သွားပြီး နောက်ပြန်ပုံစံထိုင်ရက်လဲကျ
သွားသည်။" တောင်းပန်ပါတယ် တောင်းပန်းပါတယ်
ဒီကျွန် မမြင်လိုက်လို့ ဝင်တိုက်မိသွားပါတယ်
ကျေးဇူးပြု၍ ဒီကျွန်ရဲ့ တန်ဖိုးမရှိတဲ့ အသက်ကို
မယူပါနဲ့ ကွေ့ဖင် "ငိုယိုပြီး တောက်လျောက်ပြောသွားသည့် ကောင်မလေးကို ကွေ့ကျောက်ဟွား ကြောင်အ
စွာကြည့်လိုက်မျသည်။အရှေ့ကကောင်မလေးကတော့ နဖူးတွင်သွေးထွက်
သည်ထိ ကြမ်းပြင်ပေါ် ဦးတိုက်နေရှာသည်။ဘယ်သူမြင်မြင် ကွေ့ကျောက်ဟွား က ရက်စက်သည့်
သူဟု ထင်မြင်ကြမည်မှာ မလွဲ။ ဟုန်စဲ့ သည်
မျက်မှောင်ကြုတ်သွားပြီး ထိုအစေခံမလေးကို
ကြည့်ကြီး အသံကျယ်ကျယ်ပြောလိုက်သည်။" သခင်လေးက ဘာမှမပြောရဘူး ဘာလို့ ကိုယ့်ကိုယ်ကို ညှင်းဆဲနေတာလဲ "
ကွေ့ကျောက်ဟွား သည် သတိဝင်သွားပြီး ဟုန်စဲ့
ကို လှမ်းကြည့်ပြီး ဆူပူသလိုပြောလိုက်သည်။" နန်းတွင်းသူတစ်ယောက်အနေနဲ့ အိဒြေပျက်အောင်
အော်ဟစ်မနေသင့်ဘူး ဟုန်စဲ့ "ဟုန်စဲ့ ကလည်း အကင်းပါးသည် ။ ချက်ချင်း
ဒူးထောက်ချလိုက်ပြီး တည်ငြိမ်စွာပြောသည်။" သခင်လေး က စိတ်ထားအရမ်းကောင်းနေပါတယ်
ဒီနန်းတွင်းသူက သခင်လေးရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြောဆိုနေတာပါ "နှစ်ယောက်သား ပြဇာတ်ကနေစဥ် ဩဇာရှိပြီး
ကြည်လင်ပြတ်သားသည့် အသံတစ်သံ
ထွက်လာသည်။" ဘာဖြစ်နေတာလဲ "
ကွေ့ကျောက်ဟွား တိတ်တဆိတ်တွေးလိုက်သည်။
' ထင်တဲ့အတိုင်းပဲ 'သို့သော် အပြင်ပန်းတွင်တော့ အရိုအသေပေးလိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ် "
![](https://img.wattpad.com/cover/304919872-288-k508019.jpg)
VOCÊ ESTÁ LENDO
The Hided Love In Imperial Harem [ Rebirth ]
Ficção HistóricaGenre- Rebirth, Boylove, Historical, Drama သူရဲ့ကလေးအတွက် ကလဲ့စားချေလိုစိတ်တွေနဲ့ ပြန်လည်မွေးဖွားလာတဲ့ ကွေ့ကျောက်ဟွား နဲ့ ဘုရင်မင်းမြတ် ထျန်းခုန်းယွင် ကြားက ချစ်ခြင်းမေတ္တာတစ်ခု။ 18.3.2022 ( Friday ) သူရဲ့ကလေးအတွက် ကလဲ့စားချေလိုစိတ်တွေနဲ့ ပြန်လည...