အပိုင်း၂

699 101 2
                                    


Unicode

အနောက်နန်းဆောင်သည် လေပြည်အေးများ တိုက်ခတ်နေပေမယ့် နန်းဆောင်တော်တော်များများသည် ပူလောင်နေကြသည်။

သာမန် ကွေ့ရန်တစ်ယောက်က တစ်ညတည်းနဲ့
ကျဲယွီ ဖြစ်သွားပြီး ယွဲ့လျန်နန်းဆောင်ကိုလည်း ရလိုက်သေးသည်။ ယွဲ့လျန် နန်းဆောင်သည်
ဧကရီနန်းဆောင်လည်းမဟုတ်သလို ဖေးအဆင့်
ကြင်ယာတော်အဆင့် အဆောင် လည်းမဟုတ်ပါ။

သို့သော် မယ်တော်ကြီး ဧကရီမဖြစ်ခင် ဟိုးကိုယ်လုပ်တော်အငယ်​လေးဘဝကနေခဲ့သည့်
အဆောင်ဖြစ်သည်။ တော်တော်များများသည်
မနာလိုမှုကြောင့် တုန်ယင်နေပေမယ့် ဘာမှမလုပ်
နိုင်သေးပေ။

ကွေ့ကျောက်ဟွား အရှင်မင်းကြီးနဲ့ ညစာစားခွင့်ရပြီး ထပ်မံ အိပ်ဆောင်ဝင်ခဲ့သည်။ ထျန်းခုန်ယွင်သည်
ဤ ကျောက်ကျဲယွီ ကို ပို၍ပိုပြီး သဘောကျလာသည်။

၄ ညဆက်တိုက် ယွဲ့လျန်အဆောင်ကိုသွားပြီးနောက်နေ့တွင် ဘုရင်မင်းမြတ်သည် ယွီစန်းအဆောင် သို့ သွားလေသည်။

ကွေ့ကျောက်ဟွားသည် ထိုကိစ္စကိုထူးဆန်းသည် မထင်ပါ။ ဘုရင်တစ်ယောက်ကသူတစ်ယောက်ထဲကို
ချစ်ခင်ဖို့အထိ စိတ်ကူးယဥ်ရလောက်အောင် သူ မရူးပေ။

အဲ့အစား ဘုရင်မင်းမြတ်ရဲ့စိတ်ဝင်စားမှုကို
ထိန်းဖို့နည်းလမ်းတွေပဲသူထိုင်စဥ်းစားနေလိုက်သည်။

" မနက်ဖြန် မယ်တော်ကြီး ကို ဂရဝပြုရမယ့်နေ့
မလား"

" ဟုတ်ပါတယ် သခင်လေး "

" အင်း စိတ်ဝင်စားစရာပဲ "

မိဖုရားတွေ ကိုယ်လုပ်တော်တွေစုံရင် စိတ်ဝင်စားစရာတွေအမြဲ ဖြစ်လေ့ရှိသည်မလား။

မယ်တော်ကြီး ဂါရဝပြုမည့်အချိန်သို့ရောက်လျှင်
ကွေ့ကျောက်ဟွား အစိမ်းနုပန်းခက်လေးတွေ
ပုံဖော်ထားသည့်အဖြူရောင်ဝတ်စုံကိုဝတ်လိုက်သည်။ အရမ်းလည်း မထင်ပေါ်သလို၊ အရမ်းလည်မရိုးရှင်းလှပေ။ သူ့ကိုယ်သူအဆင့်၄ကိုယ်လုပ်တော်
ဆိုတာကိုလည်း မမေ့ပစ်လိုက်သေးပေ။

ဆံနွယ်အရှည်ကြီးကိုတစ်ဝက်သာသိမ်းပြီး
ဆံထိုးလေးနှစ်ခုကိုထိုးလိုက်ပြီး အပိုလက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းမပြုခဲ့ပေ။

The Hided Love In Imperial Harem [ Rebirth ] Où les histoires vivent. Découvrez maintenant