✨ MOD-2 ✨

131 7 0
                                    

Unicode

ဟေးးး....ရေးး..ရွှီး.....ဖြောင်း ဖြောင်း ဖြောင်း...

"တခါမှ ဒီလိုဖျော်ဖြေမှုမျိုး မမြင်ဖူးသေးဘူးဟေ့.."

"လူငယ်တွေများ တော်သားကွာ.. ဘယ်လောက်တောင် စိတ်အားထက်သန်မှုရှိလဲ ကကွက်တွေက လိမ်ညာလို့မရဘူး.."

"တော်တော်ပါရမီရှိတာပဲ.. ကြိုးစားခဲ့ရတာတွေက နဲနဲနောနောတော့ မဟုတ်လောက်ဘူး"

ကချေသည်လေး၏ ကပြဖျော်ဖြေမှုအပြီးတွင်
လေချွန်သည့်သူက ချွန်၊ ဟေးးး ဆိုပြီး အော်သည့်သူက အော်နှင့် လက်ခုပ်တီးသံသည် ဘိုဆွန်းမြို့လေး၏ ဈေးပွဲတော်လေးအတွင်းတွင် အကျယ်လောင်ဆုံးမှ တကယ့်အကျယ်လောင်ဆုံးကို ဆူညံသွားတော့သည်။

ပထမဦးဆုံး ဒီလို နုနုရွရွအကပညာရပ်ကို ခံစားဖူးသည့်သူတွေလို ပီတီဖြစ်လာသည့်စိတ်နှင့် အဆက်မပြတ်ခေါင်းညိတ်ကြရင်း စင်ပေါ်တွင်ရှိသေးသော ကချေသည်လေးထံ လက်ခုပ်ဩဘာတဖျဖျ တီးပေးကြပုံမှာ အုပ်အုပ်သောင်းသောင်းနိုင်နေလျက် အမွှန်းတင်သံတွေကြား ကချေသည်လေးမှာ ရှက်သွေးဖြာနေခဲ့ရတော့၏။

ထို့အတူ ထပ်တလဲလဲဦးညွှတ်နေလျက် ရိုကျိုးမှုကို ပြသနေခဲ့သည့်သူ၏ မျက်နှာဖူးဖူးလေးထက်မှာလဲ လရောင်ထိန်ထိန်နှင့် ပွဲခင်းအပြင်အဆင် မီးသီးလေးတွေကြား အပြိုင်အဆိုင် ထွန်းလင်းတောက်ပနေခဲ့သည်မှာ မျက်စိမလွှဲချင်စရာ အတိလဲ ကောင်းနေခဲ့ပြန်ပါသေး၏။

"ကဲ ကဲ..ကိုယ့်နယ်ကို လာဖျော်ဖြေပေးတဲ့... အလှတရားချောချောလေးအတွက် ချီးမွမ်းသံနဲ့အတူ ငွေအသပြာတွေ ပေးလှူလိုက်ကြမယ်..။ နောက်တခါ တို့ရွာစီ ထပ်လာဖျော်ဖြေအောင် ဆွဲဆောင်လိုက်ကြတာပေါ့ကွာ..မကောင်းဘူးလား..."

"ရွှီး...."

ထပ်မံ၍ လေချွန်သံတွေ ပေါ်ထွက်လာပြန်ကာ ပြုံးပြီး တစ်ယောက်ချင်းစီကို လိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည့် ကချေသည်လေးသည် နယ်ခံလူကြီးမင်းများဆိုသူထံမှ အားတက်သရော ငွေအသပြာ ကောက်ခံပေးခြင်းကိုလဲ လက်ခံရရှိခဲ့ပြန်သေး၏။

အခကြေးငွေဖြင့် လိုက်လံဖျော်ဖြေရသော ကချေသည်လေးလို လူတစ်ယောက်အဖို့ တလေးတစားဖြင့် ဆက်ဆံပေးခြင်းက မိခင်ဆုံးပါးသွားပြီးကတည်းက ဝေးကွာနေခဲ့ရသည့် လူရာသွင်းမှုမျိုးမို့ အတောက်ပဆုံးပြုံးနေရင်း မျက်ရည်စများပင် ဝှေ့တက်လာခဲ့တော့ ဝမ်းပန်းတသာပြုံးနေရင်းမှ မျက်ရည်စတချို့ကို ခိုးသုတ်ပစ်ခဲ့ရပါ၏။

✨ Magic of Destiny ✨Where stories live. Discover now