✨ MOD-24 ✨

55 2 0
                                    

Unicode

ဖုန်းပြောအပြီး တက်ကြွသွားခဲ့ပြီဖြစ်သော ထယ်တစ်ယောက်က ချက်ကောင်းကို ထိမိသလို သဘောပေါက်သွားပြီဖြစ်သည်ကြောင့်လဲ အကောင်အထည်ဖော်ဖို့ရာကိုသာ တွေး၏။ တစ်ညလုံးအတိုးချ တင်းတင်းကျပ်ကျပ်ဖက်အိပ်ထားပြီးသည့်အခါ မနက်မိုးလင်းသည့်အခါတွင်တော့ ကိုယ်တိုင်ကိုယ်ကျပြင်ဆင်ပေးနေသည့် အကဆရာလေး၏အဝတ်ထုတ်ဘေး တွေတွေဝေဝေ ထိုင်ချနေခဲ့ကာ ခံနိုင်ရည်မရှိသူတစ်ဦးလို။

"မနေ့က Jimin နဲ့ဖုန်းပြောနေတာမလား ယောင်းငယ်၊ အကလေ့ကျင့်ရတာ အဆင်ပြေတယ်တဲ့လား.."

"ဟုတ်၊ ပြေတယ်တဲ့"

မနက်စာထမင်းဝိုင်းတွင်လဲ မယ်မယ်ရရစားသွားတယ်ရယ်လို့မရှိ။ မျက်နှာလေးခပ်ညှိုးညှိုးနွမ်းနွမ်းနှင့် ကနဦးထထွက်သွားသည့်သူကြောင့် အကဆရာလေးသာလျှင် ထယ့်မိသားစုတစ်ယောက်ချင်းစီကို နှုတ်ဆက်၊ အထိုက်အလျောက်စားသောက်ပြကာ ယောင်းငယ်နောက်သို့ လိုက်သွားရပြန်လေတော့၏။

ညထဲကလဲ သူရေချိုးခန်းထဲက ထွက်ထွက်လာချင်း မျက်နှာသိပ်မကြည်မလင်ဖြစ်နေသည့်မင်းသားလေးကြောင့် မိသားစုနဲ့တဖန် စကားများပြန်ပြီဟု သူတွက်ချက်မိပြီးသည်နှင့် ဘာတစ်ခွန်းမှ သူမမေးဖြစ်နေခဲ့တော့။

သူငယ်ချင်းနှင့်ဖုန်းပြောပြီးလျှင် လန်းဆန်းသွားတတ်သည့်ကောင်လေးမို့ သူတို့သူငယ်ချင်းနှစ်ယောက်ကြားဘယ်လိုကိစ္စပဲပြောပြော အကဆရာလေးက အမြဲတမ်းလိုလို သိပ်မမေး၊ ဝင်မပါတတ်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ ခေါင်းစဉ်ပြောင်းအကြောင်းအရာတစ်ခုအဖြစ် အသုံးချမိကာ ထိုသို့စကားရှာလိုက်မိခြင်းသာဖြစ်၏။

"ခြံလုပ်ငန်းကို အမြန်ဆုံးလေ့လာပြီးရင် Hyung ကို လာတောင်းမယ်..ဒီမှာ အားလုံးလက်စသတ်ပြီးတာနဲ့ ကျွန်တော်ကိုယ်တိုင် Hyung ကို လာခေါ်မယ်နော်.."

ဟုတ်တယ်.. ဆိုးလ်ကိုပြန်လွှတ်လိုက်လျှင် အသက်ရှူကျပ်ကြတော့မည်ဆိုသော်ငြား ထိုနည်းလမ်းကသာ အကောင်းဆုံးနည်းလမ်းတစ်ခု။ ခဏတော့ ခွဲနေကြရမှာပဲ..။

ယောက်ျားလေးနှစ်ယောက် ချစ်ကြိုက်ကြခြင်းက ဘယ်သူ့ဘက်ကပဲ အားစိုက်ထုတ်ရမယ်၊ ဘယ်သူ့ဘက်ကပဲ တောင်းရမ်းရမယ်လို့ သန့်မှတ်ချက်တွေ၊ ကန့်သက်ချက်တွေ ထားရှိထားတာလား။ တရားဝင်လက်ထပ်ရခြင်းတွေကရော နိုင်ငံနဲ့ချီ ဥပဒေကင်းမလွတ်သည့် ကျူးလွန်မှုပုဒ်မတွေလို့ရော တပ်လို့ဖြစ်တာတဲ့လား။

✨ Magic of Destiny ✨Where stories live. Discover now