✨ MOD-25A ✨

39 2 0
                                    

Unicode

စင်ပေါ်တွင် ပရိတ်သတ်ကြီးရှေ့ outfit မျိုးစုံနှင့် လှလှပပ ကပြဖျော်ဖြေပြီးသွားသည့်အခါ နားနေခန်းထဲသို့ မရောက်ရောက်အောင် သွားနေခဲ့ရသည့် Jimin သည် ဂျာဝမ်၏လက်တစ်ဖက်ထဲကိုသာ မနဲဖမ်းဆုပ်ထွေးကိုင်လျက် ခြေကုန်လက်ပန်းကျနေခဲ့၏။

အိမ်ပြန်ရောက်လို့ အိပ်ယာပေါ် ဝုန်းဒိုင်းကျ ပစ်စလက်ခတ်လဲလျောင်းပြီး ကမ္ဘာတစ်ခုလုံးအမှောင်ကျကာ လုံးလုံးလျားလျား မေ့မျောပစ်လိုက်လို့ရသော်ငြား လူအများရှေ့မှာဆိုသောအသိနှင့် သတိလွတ်ထွက်မသွားအောင် တောင့်ခံထားသည့်ပုံသည် သိပ်ကို မာကျောလွန်းသယောင်ကို ပြသနေခဲ့တာမို့ ဂျာဝမ်မှာ အံတကြိတ်ကြိတ်။

ရှေ့ပြေးတာဝန်ကျရာဖြစ်သည့် ဦးနှောက်၏မှတ်ဥာဏ်တချို့သည်လဲ ထိုအချိန်က ငဲ့ကွက်ခြင်းများစွာနှင့် အလုံးစုံတွက်ချက်နေခဲ့ရသည့် အနေအထားတစ်ခုမို့ ကျပ်ကျပ်သိပ်သိပ်ဖြစ်နေလောက်သည့် နွမ်းလျော့ခြင်းဟူသည့်ဝေဒနာသည် ပို၍ပို၍ကို ကချေသည်လေးထံတွင် မြူးထူးပျော်ပါးလာသည့်ဟန်။

ဘယ်လောက်အတိုင်းအတာအထိလဲ..။

ဘယ်လောက်အတိုင်းအတာအထိသလဲဆို မျက်လုံးတွေ မှိတ်ချည်၊ ပွင့်ချည် မျက်ခွံတွေ တဖျက်ဖျက်လှုပ်ရှားသွားပုံနှင့် ပြာဝေလုနီးပါးဖြစ်နေသော လက္ခဏာဟန်ပန်အစရှိသည်တို့ စုစည်းသွားပုံတွေက တနိုင်တပိုင် ခါထုတ်ပစ်နေသည့်သူ၏ မူမမှန်မှုတွေကို ဖုံးကွယ်မထားနိုင်သည်အထိပင်..။

သို့ထိတိုင် အပြုံးမပျက် တာဝန်ထမ်းဆောင်နေမြဲနဲ့ Park Jimin ၏ စိတ်ရောလူရော သရုပ်ဆောင်ပုံတွေက ထိုအချိန်၌ အများပြည်သူရှေ့ ပုံသေကားချပ်တစ်ခုလို ဖြစ်နေခဲ့တာမို့ ဘယ်သူမှ လွယ်လွယ် မရိပ်မိခဲ့ကြ။

တကယ်က ကလေးငယ်နှင့် ပြန်တွေ့ရသည့်အချိန်မှ စတင်ကာ ခံစားလေ့ရှိခဲ့သည့် ဝေဒနာအသစ်တစ်ခုက ထိုကချေသည်လေးထံတွင် အချိန်တစ်ခုကြာ ကိန်းဝပ်နေခဲ့ပြီးပြီဆိုတာ အသက်အရွယ်ကန့်သတ်ချက်တွေက သက်သေပြပြီးနေခဲ့ပါပြီ။

ပုံမှန်အတိုင်းဆိုရင်လဲ လျစ်လျူရှုပြီး နေခဲ့လို့ရသမျှက အသက်ကိုပင် မနဲလုရှူနေခဲ့ရသည့် လက်ရှိအချိန် ရောက်သည့်အခါမှာတော့ သူကိုယ်တိုင်လဲ မမျှော်လင့်ထားသည့်ဟန် သတိပေးသံတွေနဲ့ ခပ်လျော့လျော့ကြိုးစကို ပြန်ဆွဲချည်နိုင်တော့သည့်ပုံ မပေါ်နေတော့ပါဘူး။

✨ Magic of Destiny ✨Where stories live. Discover now