✨ MOD-19B ✨

27 3 0
                                    

Unicode

"စီးပွားရေးမှာ ပထမ..ဒို့ကလေးတွေ ဆုရ!!
အားကစားပွဲမှာ ပထမ..ဒို့ကလေးတွေ ဖလားရ!!
နှစ်စဉ်နှစ်တိုင်း ဝင်ဆင်နွှဲ ဒို့ကလေးတွေ ဗိုလ်စွဲမြဲ!!!"

သူပြောပါသည်။ သူတို့မေဂျာက
အရှက်ဟူသည်ကို အမှတ်အသားတခုအဖြစ်တောင်
အရာမသွင်းတတ်ပါဘူးဟု။

နှစ်စဉ်နှစ်တိုင်း ဝင်ဆင်နွှဲသည်ဆိုသည့်အဆိုကတော့ မှန်ကန်သည်ဟုဆို၍ရသော်ငြား ဗိုလ်စွဲမြဲဆိုတာကတော့ ခြေလှမ်းပေါင်းများစွာ ကျော်ခွပစ်၊ တစ်ဖက်မေဂျာ၏သံချပ်ကို ပေါ်ပေါ်တင်တင် စိန်ခေါ်ပစ်ခဲ့သည့် အကြောပြောင်ပြောင်တင်းမှုကြီးတခုလိုပါပဲ။

မှန်ပါ၏။ စီးပွါးရေးနှင့်ပတ်သက်သည့် ပြိုင်ပွဲဟူသမျှကိုတော့ သူတို့မေဂျာမှာ အသီးသီး နှစ်စဉ်ဂုဏ်ဆောင်ပေးနိုင်ကျ စာဂျပိုးလေးတွေက ပေါ်ထွက်မြဲဖြစ်သလိုမျိုး အားကစားရေးရာမှာလဲ အမျိုးသမီးဘော်လီဘောအဖွဲ့သည်တော့ ဘယ်မေဂျာက ယတြာတွေချေပြီး နှောက်နှောက်ယှက်ယှက် အနိုင်ရရှိစမြဲသာဖြစ်ပါ၏။

သို့သော် တခြားသော အားကစားပြိုင်ပွဲခေါင်းစဉ်တွေတိုင်းမှာတော့ အဝိုင်းတစ်ဝိုင်း၊ ဥတစ်လုံးကိုသာ လက်စွဲကိုင်ထားနိုင်ကြသည့်သူတွေမို့ အားရကျေနပ်ဖွယ်ဆိုသည့် ယှဉ်ပြိုင်မှုမျိုးက တစ်ကြိမ်တစ်ခါလေးတောင် သူတို့ မကြုံဆုံဖူးခဲ့ကြ။ စိတ်ကူးလဲ မယဉ်နိုင်ခဲ့ကြ။

အခုတော့ အရာအားလုံးက အများကြီးလဲ
ကွာခြားသွားခဲ့သည့်ပုံ ဖြစ်နေခဲ့ပါ၏။

"ပင်ပန်းတာတွေဖြေဖျောက်ပြီး လွတ်လွတ်လပ်လပ်ပဲနေ၊ ခေါင်းမူးလာရင် ငါ့ကိုဖုန်းခေါ်လိုက်။ အများကြီးတွေးနေစရာမလိုဘူးနော်၊ အချိန်ရရင်ရသလောက် ငါတို့ ဒီကျောင်းကို ပြန်လာလည်ကြမယ်...ဟုတ်ပြီလား"

ဝမ်းနည်းဝမ်းသာဆိုသည့်အဆိုက နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေအတွက်များလား..။

တပြိုင်နက်ထဲ ခံစားလိုက်ရသည့် လွမ်းလွမ်းဆွတ်ဆွတ်မြင်ကွင်းတခုလုံးက ကွင်းတစ်ခုလုံး၏ အစအလယ်အဆုံး အရာအားလုံးကို ပေါင်းစုလိုက်သောအခါ တလူလူသော အငွေ့အသက်တွေက အတိတ်တခုလို။

✨ Magic of Destiny ✨Where stories live. Discover now