✨ MOD-19A ✨

36 1 0
                                    

Unicode

~သဲလေးရေ ငါတို့စီနီယာတွေ မျက်နှာပန်းလှလှလေးနဲ့  ဂုဏ်ယူသွားနိုင်မယ့် မေဂျာဂုဏ်ဆောင်သူရဲကောင်းကြီး တစ်ဦးပေါ်ထွက်လာပြီကွ~

မနေ့ညက ဖုန်းသံ vibrate လုပ်ထားခြင်းကြောင့်သာ Jung Kook ဖုန်းဆက်လာသည်ကို ကြားနိုင်ခဲ့သည်ဆို စက္ကန့်ပိုင်းမျှစာ တုန်ခါရောက်ရှိလာသည့် ထယ့်စီက စာစောင်တွေကိုတော့ သူမမြင်ခဲ့မိပါ။ အလုပ်နဲ့ ပညာရေး အမျိုးမျိုးအချိန်ဇယားတွေ ညှိနှိုင်းနေရခြင်းကြောင့်လဲ အလိုက်တသိ ဖုန်းအတင်း မဆက်လာပေးခဲ့သည့်ထယ်က သူ့ဘက်က ချက်ချင်း စာမပြန်ပေးနိုင်ခဲ့သည့်အခါမှာလဲ

~အိပ်နေလား Jimin၊ နေရောကောင်းရဲ့လား၊ မနက်ဖြန် ဗိုလ်လုပွဲ သိတယ်မလား၊ မင်းကလေးငယ်လေ..Jung Kook၊ သူ ငါတို့ကို ဂုဏ်ဆောင်ပေးနိုင်တော့မယ် ထင်တယ်။ မနက်ဖြန် Final round စတင်မယ့်ပွဲစဉ်တွေမှာ သူပါသွားပြီ။ သေချာတယ် ငါတို့မေဂျာတစ်ခုလုံးရဲ့ ဝှက်ဖဲလေးက သူပဲဆိုတာ။ ဒီသတင်းက ငါတို့မေဂျာတခုလုံးအတွက် အားတက်စရာပဲဆိုတာတော့ မင်းလဲသိတယ် မဟုတ်လား။ အကယ်၍ မင်းသာ မနက်ဖြန် ရောက်လာခဲ့ရင် ငါ မုန့်တွေ ပတ်တောင်းပြီးလဲ ကျွေးဦးမှာနော်၊ ပြီးတော့ သူလဲ အားရှိသွားလောက်မှာ။ ရွှေဖလားအကြီးကြီးနဲ့ ဓါတ်ပုံလဲအတူတူ ရိုက်ပြီး မှတ်တမ်းလဲ တင်ပစ်ရဦးမယ်လေ။ နှစ်တိုင်း သူများမေဂျာတွေပဲ ကိုင်ခွင့်ရှိတဲ့အရာလေးကို အခုတော့ ငါတို့ ကြုံတောင့်ကြုံခဲ..အဟိ၊ ဒီလောက်ပဲ ဒီလောက်ပဲ.. အနိုင်အရှုံးက ကြိုမပြောကောင်းဘူးတဲ့၊ ဘာပဲဖြစ်ဖြစ် ငါတော့ သိပ်ရင်ခုန်နေတော့တာပဲ။ အဲ့တာ အချိန်ရရင် ခဏပဲဖြစ်ဖြစ် မင်းလာခဲ့ပါလားကွာ~

ထိုမျှနဲ့ စာရှည်ပို့ထားခြင်း မပြီးဆုံးသွားခဲ့ပါ။ ထပ်မံ မိနစ်ပိုင်းမျှ ကြာပြီးသည့်နောက်တွင်မှ

~ပင်ပန်းနေရင်တော့ နားပါဦးလေ..ငါနားလည်ပါတယ်။ မင်းကိုကြီးက စာလုပ်မယ်ဆိုရင်တော့ တချက်ပဲ လှမ်းခေါ်လိုက်၊ Paradise စီ ချက်ချင်းကို အပြေးလာခဲ့မှာ၊ ငါ့သဲလေးလောက် ဘယ်အရာကမှ အရေးမကြီးဘူး~

ထိုမျှထိ ထယ်က လေးလေးနက်နက်၊ အထပ်ထပ် ချစ်ချင်စရာ။ အရင်ဦးဆုံး သူ့ဖြစ်ချင်သည့် ဆန္ဒလေးတွေကို အကျိုးသင့်အကြောင်းသင့် ရှင်းပြကာ တောင်းဆိုသည်။ ထပ်မံပြီးမှ တစ်ဖက်လူ၏ အားလပ်မှုကို အလေးပေးကာ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ပယ်ဖျက်နိုင်သည်အထိ သူနှင့်သာ Paradise တွင် စာလုပ်မည့်အကြောင်းကို အဆုံးသတ်သွားရင်း သူ့စီက ပြန်စာတွေကိုသာ စောင့်မျှော်နေခဲ့လောက်သည့်သူ။

✨ Magic of Destiny ✨Donde viven las historias. Descúbrelo ahora