✨ MOD-7 ✨

71 6 0
                                    

Unicode

"Morning ဂျာဝမ် မနက်အစောကြီးရှိသေးတာကို..ပြင်ဆင်လို့မပြီးသေးဘူးနော်.."

အိပ်ယာကနေတောင်မထနိုင်သေး။ ဟိုလှိမ့်ဒီလှိမ့်ဖြင့် မန်နေဂျာကြီးကို ရစ်နေတော့သည့် Jimin သည် တစ်ခါမှမနက်အစောကြီးမထရဖူးသလိုမျိုးကိုပြုမူနေခဲ့သည်။

တက္ကသိုလ်တစ်ဖက်နှင့် အလုပ်တစ်ဖက်ပေမို့ မနက်မိုးလင်းသည်နှင့် မှေးမှိတ်ကျနေသော မျက်လုံးနှစ်လုံးသည် ပွင့်ချင်ချင်၊မပွင့်ချင်ချင် တိတိကျကျသတ်မှတ်ထားခြင်း ခံရသလိုမျိုး အလုပ်လုပ်ခဲ့ရသည်။ သေချာညှိယူထားသော ကျောင်းအချိန်ဇယားတွေကြောင့်လဲ နေ့စဉ်အတန်းတက်စရာ မလိုနေသည့်တိုင် အကလေ့ကျင့်ချိန်၊ အသံလေ့ကျင့်ချိန်၊ရိုက်ကူးရေးနှင့် ကြားညှပ်တွဲပြီးပါဝင်လာသည်က Tutorial အချိန်တချို့ရှိနေသေးသည်မို့ နေထွက်လာသည်အထိ အိပ်စက်အနားယူခြင်းသည်သူ့ထံတွင် လုံးလုံးလျားလျားမရှိခဲ့ပါ။

ရှောင်ရှားလို့မရသည့်ကျောင်းသားအရွယ်ပေပဲမို့ တချက်မှ ညည်းညူပြုခြင်းမရှိခဲ့သော်ငြား အနားမှာရှိနေပေးသည့် ဂျာဝမ့်ထံကိုတော့ဖြင့် ထိုသို့ရှာကြံပြီး ပူညံပူညံပြုမူပြောဆိုတတ်ပါသည်။

"မဟုတ်ပါဘူး Jiminရာ..ဒီနေ့ CEO နဲ့ချိန်းထားတာတခုပဲရှိတော့ မေ့နေ့မှာစိုးလို့ သတိလှမ်းပေးရတာ.."

"အဲ့တာကို..မနက်အစောကြီးဖုန်းဆက်သတိပေးရလားဗျ.."

နားနှင့်ကပ်ထားသည့် ဖုန်းမျက်နှာပြင်ကို ပြန်ခွါချပြီး မျက်စိရှေ့ ပို့လိုက်တော့ ၆နာရီတိတိ။ စိတ်အချဉ်ပေါက်စရာပါပဲ။ ကိုယ့်အပြစ်ကိုသိလောက်သည့် မန်နေဂျာဖြစ်သူဘက်ကနေတော့ စပ်ဖြဲဖြဲမျက်နှာဖြင့် လေလှိုင်းမှတစ်ဆင့်ရယ်မောသံတခုဖြင့် ကျီစားလာခဲ့သည်။ နာရီဝက်တောင်မကြာသည့်အကွာအဝေးကို စိတ်စောပြီးနိုးလို့ ဒါမျိုးတော့ဘယ်ရလိမ့်မလဲ။

"နေ့လည်စာဝယ်ကျွေးပါ့မယ်ခင်မျာ..ဘာစားချင်လဲသာပြောပါ၊ ကျောင်းသားလေးစားချင်တာကို ပွဲတော်တည်ပေးပါ့မယ်.."

ဘယ်လောက် ရင်းနှီးသလဲမမေးပါနဲ့။ မမြင်ကွယ်ရာ ရောက်နေလဲ သူ့အကြောင်း ကိုယ့်အကြောင်းသိသူမို့ ထိုသို့အချော့အမြူလေးကအစ သူတို့ကြားတော့မစိမ်းသက်ပါ။ သို့သော်ငြားလဲ မကျေနပ်နေတာက သက်သက်ရှိသေးသည်ကြောင့် ခေါင်းအုံးပေါ်သို့အပ်နှံထားသည့်မျက်နှာသည် တစတစရှုံ့တွလာကာ အံကြိတ်သံဖြင့် တရားခံဖြစ်သူ၏ အမည်နာမကို တစ်လုံးချင်းစီ ခေါ်ဆိုလေတော့သည်။

✨ Magic of Destiny ✨Où les histoires vivent. Découvrez maintenant