✨ MOD-16A ✨

36 4 0
                                    

Unicode

"CEO ကြီး၊ အဆင်မပြေတာများရှိနေလို့လား "

ကိုယ်တိုင်ကိုယ်ကျ ရောက်လာကာ ဝန်ထမ်းတွေကို သေချာစီမံခန့်ခွဲပေးပြီးသည့်နောက် Joonie Entertainment ၏ CEO ရုံးခန်းထဲသို့ အကြောင်းအရင်းရေရေရာရာမရှိ လိုက်လာခဲ့ရသော Paradise ပိုင်ရှင်လေးသည် အဆင်မပြေတာ တခုခုရှိနေမှာကို စိုးရိမ်နေသည့်ပုံ။

party ပြီးကတည်းက စွဲလမ်းခဲ့ရသော မျက်နှာသွယ်သွယ်လေးမို့ ရုံးခန်းထဲထိ ခေါ်လာခဲ့မိသည့် အကြောင်းအရာသည် ကိုယ်ကိုယ်တိုင်တောင် မလုံမလဲဖြစ်မိသည်အထိ။

"အဆင်မပြေတာမျိုးမရှိပါဘူး။ Hyung ကိုယ်တိုင် ကြိတ်ပေးထားတဲ့ ကော်ဖီစေ့တွေမို့လို့နေမှာ တော်တော်လဲ သောက်ကောင်းတာ၊ နောက်နေ့တော့ ကျွန်တော် ဆိုင်လာလည်ဖို့ကြိုးစားပါ့မယ်"

"ရပါတယ်၊ ခုလိုမှာလဲ လာပို့ပေးလို့ရတာပဲကို။ အလုပ်ရှုပ်မခံပါနဲ့"

တစ်ယောက်ထဲရပ်တည်ပြီး Paradise ကို ဦးစီးနေရသောသူ၏ ထည်ဝါခန့်ညားနေမှုတွေက ဝန်ထမ်းပေါင်းရာထောင်ချီကို ဦးစီးနေရသော ရွပ်ရွပ်ချွံချွံ CEO နှင့် ထိပ်တိုက်တွေ့ကြသည့်အခါ အလင်းတန်းနှစ်ခုသည် ပြိုးပြိုးပြက်ပြက်။ တစ်နည်းပြောရမည်ဆိုလျှင် နှစ်ယောက်သားက ကိုယ်ပိုင်လုပ်ငန်းရှင်တွေချည်းပဲမို့ စကားအသွားအလာအရာမှာလဲ သိပ်တော့ မခေလှ။

"နောက်နေ့ မှာရင်ရော အခုလို Hyung ကိုယ်တိုင် လာပို့ပေးမှာမို့လို့လား။ အခုတောင် ကျွန်တော်ဘက်က အတင်းဖိတ်လို့ ရောက်လာခဲ့ရတာမလား"

Paradise ပိုင်ရှင်လေး၏ အကျိုးသင့်အကြောင်းသင့် ပြောခဲ့သမျှစကားတွေက ဒီ CEO ရဲ့ တဲ့တိုးဆန်တဲ့ စကားတစ်ခွန်းအရောက်မှာတော့ ခေတ္တမျှ ဆွံ့အသွားမိတော့သည်။

Delivery အတွက် အမြဲတမ်း ပိုင်ရှင်ကိုယ်တိုင် လိုက်ပို့ပေးနေစရာတော့ မလိုဘူးမလား။ လုံလောက်သည့်ဝန်ထမ်းအရေအတွက် Paradise တွင် ထားရှိထားသည်ကြောင့်လဲ လုပ်ရိုးလုပ်စဉ်ဖြစ်စဉ်တခုလို လမ်းကြောင်းတခုမှာ ကလေးဆန်ဆန်ပြောင်းလဲချင်နေသည့် CEO ကြီးနှင့်တွေ့သည့်အခါမှာတော့ Paradise ပိုင်ရှင်လေးခမျာ ကိုယ်တိုင်သာ လာရောက်ပို့ပေးခဲ့ရတော့သည်လေ။

✨ Magic of Destiny ✨Opowieści tętniące życiem. Odkryj je teraz