✨ MOD-21B ✨

31 3 0
                                    

Unicode

HM Company ၏ cosmetic ရိုက်ကူးရေးအတွက်
နောက်ဆုံးနေရာသည် ပင်လယ်တစ်ခုဘက်သို့..။
တိတိကျကျဆိုရမည်ဆိုလျှင် ထိုင်းနိုင်ငံ၏
တောင်ဘက်ပိုင်းတွင် တည်ရှိနေသော ဖူးခက်ကမ်းခြေ..။

နိုင်ငံပေါင်းစုံမှ ခရီးသွားပြည်သူမြောက်မြားစွာ
လာရောက်လည်ပတ်လေ့ရှိသည့် ထိုင်းနိုင်ငံ၏အကြီးဆုံးကျွန်းဆွယ်တစ်ခုဆိုလဲမမှား..။

ပထမဦးဆုံးခြေချရာသည် တောင်ကိုရီးယားနိုင်ငံ၏ အနဲငယ် အေးချမ်းတိတ်ဆိတ်လှသော ရွာငယ်လေးတစ်ခုဘက်သို့ဆိုပေမယ့် အစည်းအဝေး၏ တိုင်ပင်ဆွေးနွေးခဲ့ကြသည့်အရဟုဆိုလျှင်တော့ နိုင်ငံခြားရိုက်ကူးရေးခေါင်းစဉ်တွေအတွက်လဲ ကျန်ရှိနေခဲ့ပြန်သေး၏။

ထို့ကြောင့် ကုမ္ပဏီနှင့် သေချာလေးစီစဉ်ထားပုံရသော Jimin သည် ရိုက်ကူးရေးအတွက်သာမက ဖျော်ဖြေရေးခရီးစဉ်အဖြစ်နှင့်လဲ ပေါင်းစပ်စေကာ အရှေ့တောင်အာရှနိုင်ငံငယ်များသို့ ရာသီဥတုအခြေအနေကိုကြည့်၍ ကူးပြောင်းနေခဲ့လေ၏။

အရှိန်အဟုန်တခုဖြင့် အားပြင်းပြင်း ပင့်မြှောက်ကပြလိုက်တိုင်း ပေါ်ပေါက်လာသော အတွင်းသားလှလှတွေနှင့် တစ်ကိုယ်လုံးအဖြူရောင်စွတ်စွတ်ဝတ်စုံကိုမှ တလက်လက်ထစေသော စိန်ခြယ်စီထားသည့် ဘလင်းဘလင်းပွင့်ဖက်လေးတွေ ပေါင်းစပ်ချုပ်လုပ်စေသည့်အခါ မျက်စိမလွှဲချင်စရာ အလွန်လဲကောင်းနေခဲ့သလို ဒီဇိုင်နာ၏တီထွင်ဖန်တီပေးမှုတွေနှင့် နဂိုအခံရှိပြီးသား တောက်ပမှုတွေက တစ်ချိန်တည်း၊ တစ်ခါတည်း စင်မြင့်ထက်က ဖျော်ဖြေရေးလှလှတွေနဲ့ ပေါင်းစုကုန်သည့်အခါ သုံးရောင်ခြယ်ကြောင်ငယ်လေးတစ်ကောင်လို ပေါ့ပေါ့ပါးပါး ဝေ့ဝဲကပြနေခဲ့သည်က ပျော့ပျော့ပျောင်းပျောင်း..။

ခေါင်းအစ၊ ခြေအဆုံး ချိုးမကုန်နိုင်သည့် သွယ်လျမှုတွေနဲ့မို့ ကကွက်တစ်ကွက်တိုင်းမှာလဲ လူတိုင်း၏ မျက်လုံးထဲတွင် ဖျောက်ဖျက်ပစ်၍မရ..။ တခါတရံ အနီရောင်စင်မြင့်တခုဖန်တီးလျက် အနက်ရောင်ပဝါ စီးပိတ်ထားသော မျက်ဝန်းတွေနှင့် ညှို့ငင်အားကောင်းစွာ သီချင်းတစ်ပုဒ်လုံး ဆွဲခေါ်သွားသည်က စီးမျောခြင်းဝင်္ကပါစီ..။

✨ Magic of Destiny ✨Donde viven las historias. Descúbrelo ahora