✨ MOD-16B ✨

35 6 0
                                    

Unicode

"အဟန့် အဝတ်လဲလို့ပြီးသွားလို့ ထွက်လာတာပါခင်ဗျာ"

ပြုံးစိစိမျက်နှာပေးဖြင့် အဝတ်လဲခန်းထဲကနေ
ထွက်လာသော Snow White ဝတ်စုံနဲ့ထယ်မှာ
သဘောပေါက်နေသည့်ပုံစံလိုမျိုး မျက်နှာပိုးသည်
နဲနဲမှ မတည်ငြိမ်။

အနားသို့ဆွဲခေါ်ရင်း ထိုအခြေအနေကြီးကို
ပြောင်းလဲပစ်ချင်သည့် Jimin မှာတော့
ထယ့်တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး
သပ်သပ်ရပ်ရပ် ပြန်ပြင်ဆင်ပေးကာ နေရာချပေးရင်း
နောက်ဆုံးအနေဖြင့် ဘီးကုပ်နီနီလေးတခုကို
ဦးခေါင်းထက် တင်ပေးလိုက်တော့၏။

ထို့နောက် ရောင်စုံမီးလုံးလေးတွေ တဖျပ်ဖျပ်
လင်းထိန်နေသည့် ဆူဆူညံညံခန်းမကျယ်ကြီးရှိရာစီသို့ သုံးယောက်သား အတူတူ ချီတက်လာခဲ့ကြရင်း ထိုင်စရာနေရာ လိုက်ရှာနေမိတော့

"Hyung ကလဲ ဘယ်တွေရောက်နေတာလဲ။ ကျွန်တော့်စီလဲ အရင်မလာဘူး"

"ယောင်းငယ်လေးအတွက် ဓါတ်ပုံလှလှလေးတွေရအောင် နေရာကြိုကြည့်နေလို့ပါကွာ၊ စိတ်မလှုပ်ရှားနဲ့နော်။ ကိုယ် အောက်မှာ ဓါတ်ပုံလေး သေချာရိုက်ပေးနေမယ်။ စင်ပေါ်မှာသာ မင်းသားလုပ်သူကို အနားသိပ် အကပ်မခံနဲ့..ကြားလား"

"အင်းပါ Hyung ကလဲ။ ကျွန်တော်က Hyung တစ်ယောက်ထဲကိုပဲ ချစ်တာလေ။ ကိုကို Hoseok မသိတာလဲ မဟုတ်ပဲနဲ့"

ကင်မရာကိုင်ထားသော အကဆရာလေး၏ ကျန်နေသောလက်အလွတ်တစ်ဖက်ကို ဆုပ်ကိုင်ကာ လှုပ်တုံ့လှုပ်တုံ့ ချွဲနေခဲ့သောထယ့်ပုံစံသည် ဂျူနီယာတွေရှေ့မှာလဲ ပေါ်ပေါ်ထင်ထင်သာ..။

အကလေ့ကျင့်ချိန်တွေတုန်းကလဲ Hoseok Hyung ကိုသာ သင်ခိုင်းဖို့ ခေါ်ဖြစ်ခဲ့ပေမယ့် အကဆရာလေး အနားကပ်လာသော မိန်းကလေးအပေါင်းမှန်သမျှကို နှင်ထုတ်ပစ်သေးသည်ကြောင့် Jimin သာလျှင် အများဆုံး ဝင်ကူညီပေးလိုက်ရသည့် အခိုက်အတန့်တွေပေါ့။ သူတို့အေးဆေး date ကြပါစေလေဆိုသော ဆန္ဒတခုဖြင့်ပါ..။ သို့ပေသော်ငြား တခါတရံ အရင်လို လာဘ်ထိုးတတ်သော ထယ့်ကိုတော့ သူပြန်လိုချင်နေမိပါရဲ့..။

✨ Magic of Destiny ✨Where stories live. Discover now