Ep-1

6K 433 107
                                    

Unicode,

"ယောက်ျားရယ်.. ကျွန်မတို့ သားအမိကို ရှင် ထားခဲ့နိုင်ပြီလား.. အခုမှ နှစ်နှစ်တောင် မပြည့်သေးတဲ့ ကျွန်မ သားလေးကို ရှင် မသနားတော့ဘူးလား"

1997 ခုနှစ် စက်တင်ဘာလ 1 ရက်။
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့အတွင်းရှိ လမ်းသွယ် တစ်ခုတွင် ဖြစ်သည်။ မကျဉ်းမြောင်းပေမဲ့ မခမ်းနား မကြီးကျယ်သော သာမန်အိမ်ငယ်လေးရဲ့ ဝန်းကျဉ်းလေးထဲ အမျိုးသမီး တစ်ယောက်ရဲ့ ငိုသံက ရပ်ကွက်ငယ် အတွင်း ဟိန်းထွက်နေလေ​၏။ ပတ်ဝန်းကျင်ကတော့ သက်ပြင်း တချချဖြင့် ထိုအမျိုးသမီးငယ်နှင့် ဘေးက တစ်နှစ်ကျော်ကျော် နှစ်နှစ် အရွယ်ကလေးငယ်အား သနားညှာတာသလို ငေးမောနေကြသည်။

"ရှင်မရှိပဲ ကျွန်မ ဘယ်လို ရှေ့ဆက်ရမလဲ.. ကျွန်မကိုပါ ခေါ်သွားစမ်းပါ"

ရင်ဘတ်ကိုထုရင်း အသက်မရှိတော့တဲ့ အမျိုးသားအား လှုပ်ရမ်း ငိုကြွေးနေလေသည်။ ထိုမြင်ကွင်းအား မျက်နှာချင်းဆိုင် တိုက်ခေါင်မိုးထက် လသာဆောင်မှ လှမ်းကြည့်နေသည့် ခပ်ချောချော အမျိုးသား နှစ်ယောက်သည် ငြီးငွေ့နေဟန်ပေါ်​၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ဝှါးတစ်ချက် သန်းလိုက်ရင်း..

"ပျင်းဖို့ကောင်းလိုက်တာ၊ ဘယ်အိမ်က ဘယ်သူသေသေ ဒီစကားကြီးပဲ အမြဲကြားနေရတာ အလွတ်ကျက်ထားတဲ့ ဇာတ်ညွှန်း တစ်ခုလိုပဲ"

"ဒါဆိုလည်း ကြည့်မနေနဲ့လေ မင်းကဘာလို့ လာကြည့်နေတာလဲ"

ရန်ထောင်လိုက်သည့် အမျိုးသားတစ်ယောက်​၏ စကားကို ခုနာက ဝါးသန်းခဲ့သော အမျိုးသားက မထီမဲ့မြင်ပြုသလို ရယ်လေသည်။

"ဝမ်းနည်းစိတ်ပျက်မှုတွေရဲ့အသံက ငါ့အတွက် အကောင်းဆုံး သီချင်းသံပဲလေ မင်းသားလေးရဲ့"

မင်းသားလေး ဆိုသည့် နာမ်စားပိုင်ရှင် အမျိုးသားက ထိုစကားအပေါ် လက်မခံသလို စိတ်ကုန်နေဟန် ခေါင်းရမ်းပြလေသည်။

"ငါ့အတွက်တော့ ဝမ်းနည်းနေတဲ့အသံပဲ ဖြစ်ဖြစ် ဝမ်းသာနေတဲ့အသံပဲ ဖြစ်ဖြစ် ဘာမှမကွဲပြားဘူး နားငြီးစေတယ်၊ အဲ့တော့ မင်းလည်းပြန်တော့ ငါ့အိမ်ကို ဒီလို လွယ်လွယ်ဝင်ထွက်နေတာ မကြိုက်ဘူး"

𝓝𝓮𝓹𝓱𝓲𝓵𝓲𝓶Tempat cerita menjadi hidup. Temukan sekarang