အပိုင်း၆( မောင့်အဖြူရောင်ဒေစီ)

3.9K 252 12
                                    

ဒီနေ့မနက်ပိုင်း ကျောင်းအခြေအနေက သိပ်ကိုထူးဆန်းနေတယ်။ ကျောင်းထဲ ခြေချမိလိုက်တာနဲ့..အကုန်လုံးနီးပါး..ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်လာကြတယ်။ ဆရာ ၊ဆရာမတွေက အစ..။ ဘာတွေဖြစ်နေလဲ ကျွန်တော်အခုချိန်ထိရေရေရာရာမသိသေး..ဘယ်သူကမှလဲ အကြောင်းအရင်းကို သေသေချာချာပြောပြမယ်မထင်..။ ကျွန်တော် ကျောင်းသူတစ်ချို့နားဖြတ်သွားတော့ နားစွန်နားဖျားကြားလိုက်မိတာက..

" ဟဲ့ အဲ့တစ်ယောက်လား.."

" အေး..ဟုတ်ပါတယ်ဆိုနေ ရုပ်ကလေးက သနားကမားနဲ့ ရွံစရာကြီး.."

" ဟဲ့ ဟုတ်ပါ့မလား နင်ကလဲ..ကျောင်းမှာ သူက အတော်ဆုံးကျောင်းသားလေ..အဲ့လိ ရွံစရာလုပ်ရပ်ကို ကျူးလွန်ပါ့မလား.."

" ဟဲ့ ငါ့သူငယ်ချင်းကိုယ်တောင်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာပါဆိုနေ..နမ်းနေကြတာတဲ့လေ! ဝေါ့ ရွံစရာ..သခင်လေးကို မြူစွယ်တာ အားမရလို့..အခု အသစ်ပြောင်းလာတဲ့ဆရာကိုပါတဲ့ ဩချလောက်စရာကြီး! "

ထိုစကားတွေက ကျောင်းပိတ်ရက်တုန်း ကျွန်တော်နဲ့ကိုကို ဒေစီပန်းခင်းတည်းကို အဖြစ်အပျက်ကိုရည်ညွှန်းနေတယ်ဆိုတာ အတပ်သိသွားတော့တယ်။ မေ့တာ ဒီကောင်က ကိုကို့မျက်နှာပဲ ကြည့်နေမိလို့ ဘေးပတ်ဝန်းကျင်ကိုယ်တောင် သတိမထားမိခဲ့တာ။ ကျွန်တော်က ကျောင်းသားမို့လို့ နာမည်ပျက်တာပဲဖြစ်ဖြစ် ကောလဟာလ ထွက်တာပဲဖြစ်ဖြစ် အဆင်ပြေပေမဲ့ ကိုကိုကတော့ မတူဘူးမှလား..။

ရှေ့ဆက်လျှောက်မဲ့ အနာဂတ်တွေ ရှိနေသေးတဲ့ကိုကို့ရဲ့တတ်လမ်းကို ကျွန်တော်ပိတ်မိနေပြီ။ အခုကြမှ စိတ်လွတ်ကိုယ်လွတ်ပျော်နေမိခဲ့တဲ့ ကိုယ့်ကို ကိုယ်အပြစ်တင်မိလာတယ်။ ကိုယ်ပျော်ရွှင်ဖို့ပဲ ကိုယ်ကြည့်မိခဲ့တယ်။ တောက်ပနေတဲ့ အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့ကိုကို့ကို အားနာလို့မဆုံးနိုင်တော့..။

ကျွန်တော်က တဂယ်ပဲ ကိုကို့အချစ်နဲ့ထိုက်တန်ရဲ့သလားလို့တောင် တွေးမိလာတယ်။

ကျွန်တော်ရဲ့အတွေးတွေက အမှတ်စာရင်းကို ကိုင်ပြီးဝင်လာတဲ့ ကိုကို့ ကိုတွေ့တော့မှရပ်တန့်သွားရတယ် ကိုကို့မျက်နှာက ပြုံးနေတယ်..ကြည့်ရတာ ကိုကိုဒီပြသာနာကို မသိသေးဘူးထင်ပါရဲ့..။ တဂယ်လို့များ ကိုကိုက လမ်းခွဲပေးဖို့ပြောလာရင် ဘယ်လိုလုပ်ရမလဲ..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ လက်လွှတ်ပေးသင့်လား..ဆွဲထားသင့်လားဆိုတဲ့အတွေးနှစ်ခုက အပြင်းအထန်လွန်ဆွဲနေခဲ့တယ်။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now