အပိုင်း၂(အရင်းနှီးဆုံးသူငယ်ချင်း)uni

6.6K 374 15
                                    

စံအိမ်ကြီး၏ အရိပ်ကိုတောင်မကျော်ရသေးခင် နောက်ပါးက ကားဟွန်းတီးသံကြောင့် လှည့်ကြည့်မိတော့ ဦးတင်ဖြစ်နေတယ်။ ဦးတင်မောင်းလာတဲ့ ကားအနက်ရောင်လေးက ကျွန်တော့်နားသို့ မောင်းနှင်လာခဲ့တယ်။

" ဦးတင်..ဘာဖြစ်လို့လဲဗျ "
ကျွန်တော်မေးလိုက်တော့..

" သခင်မကြီးက တုန်တုန်လေးကို အခုကစပြီးကျောင်းသွားကျောင်းကြိုလုပ်ပေးဖို့ တာဝန်ပေးထားတယ်.."

" အာ..အဲ့လောက်ကြီးမလိုပါဘူး သားမှာစက်ဘီးရှိတာပဲ..စက်ဘီးနင်းသွားလို့ရတာပဲကို .."

စက်ဘီးကိုပုတ်ပြရင်း ပြောလိုက်တယ်။

" အဲ့စက်ဘီးနင်းမဲ့အချိန်မှာစာပိုကျက်ပါကွာ..ဆယ်တန်းတစ်နှစ်တော့ အေးဆေးစာပဲလုပ် ဟုတ်ပြီလား..အခု ကားပေါ်တတ်တော့ မဟုတ်ရင် ကျောင်းနောက်ကျတော့မယ်.."

" ဒါပေမဲ့စက်ဘီးက.."
စက်ဘီးကိုသံယောစဉ်မပြတ်တာကြောင့် လေးတိလေးကန်ဖြစ်နေမိတယ်။

" လာပါကွာ..အဲ့စက်ဘီးအဲ့နားမှာရပ်ထားခဲ့စမ်းပါ..ဦးတင် ပြန်လာမှ အထဲသွင်းလိုက်မယ်.."

" ဒါပေမဲ့.."

" ပျောက်သွားမှာကို စိုးရိမ်နေတာမှလား..မစိုးရိမ်နဲ့ ဒီစံအိမ်ရဲ့ ပိုင်ဆိုင်မှုတွေကို သူခိုးပြောနဲ့ခွေးတောင်မထိဘူး.."
နောက်သလိုလိုပြောလာပေမဲ့ တဂယ်မထိရဲမှန်းသိပါတယ်။ စံအိမ်က ပျောက်သွားတဲ့အရာတွေဆို ရက်မကူးခင် ပြန်ရောက်လာနေကြ။စိတ်လျော့ပြီး စက်ဘီးကိုဘေးကပ်ရပ်ပြီးကားပေါ်တတ်လိုက်သည်။

ကျွန်တော်ကားပေါ်ရောက်တာနဲ့ကားအနက်ရောင်လေးက တရွေ့ရွေ့နဲ့လိုရာကိုမောင်းနှင်သွားတော့တယ်။ မနက် ၇နာရီရောက်နေတာတောင် မြူခိုးတွေက မပျောက်ချင်သေး..။ မိုးဦးရာသီရောက်နေတာကြောင့် မိုးဖွဲကလေးတွေရွာနေခဲ့တယ်။ ဒါပေမဲ့ခနပါပဲ..ပြန်တိတ်သွားခဲ့တယ်။ ကျွန်တော့်နယ်မြို့လေးက မြို့ကြီးတွေလိုကွန်ဂရစ်မခင်းသေးတာကြောင့် မြေနီလမ်းလေးအတိုင်းပဲရှိနေသေးတယ်။ မိုးရွာပြီးသွားရင် မြေနီလမ်းလေးက မြေနံ့သင်းသင်းထွက်ပေါ်လာတတ်တယ်..။ အဲ့အနံ့ကို သိပ်သဘောကျရသောပါပဲ။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Tempat cerita menjadi hidup. Temukan sekarang