အပိုင်း၁၅(အသိမပေးပဲခွဲခွာခြင်း)

2.3K 136 13
                                    

Uni

"ကလေးငယ် "

"ဟင် ပြောလေကိုကို"

"ကလေးငယ် စာမေးပွဲဖြေပြီးတာနဲ့ ကိုကိုနဲ့တစ်ခါတည်းလိုက်ခဲ့ပါလား"

ထိုစကားကြောင့်အံ့အားသင့်ပြီးကိုကို့ကိုယ်လှည့်ကြည့်မိသည်။

"ဒါပေမဲ့ ကြီးကြီး.."

"ကြီးမြ ကိုစိတ်ပူနေတာလား "
သူပြောလိုက်တော့မဝင့်မရဲနဲ့ခေါင်းညိတ်ပြလာသည့်ကောင်လေးရဲ့ခေါင်းကိုအသာလေးဖွလိုက်ပြီး ..

"ကိုကို က ကြီးမြနဲ့ ပြန်တွေ့ခိုင်းမှာပါ ဒါပေမဲ့ ကလေးငယ် ကျောင်းပြီးရင်ဘာဆက်လုပ်မှာလဲ ဒီမှာပဲ နေပြီး ဘဝကိုနစ်မြှုပ်ခံမလို့လား.."

"အဲ့လိုတော့မဟုတ်ပေမဲ့ ကြီးမြနဲ့ကမခွဲနိုင်ဖူး ကိုကို"

"ခနပဲ ကလေးငယ် နှစ်လသုံးလလောက်ပဲကလေးငယ် ဟိုမှာအခြေကျတာနဲ့ကိုကို ကိုယ်တိုင်ပြန်လိုက်ပို့မယ်"

"ခနအချိန်ပေးဦး ကိုကို စဉ်းစားချင်သေးတယ်"

"အင်းကလေးငယ် စိတ်အေးအေးထားပြီးစဉ်းစားနော်"

"ဟုတ်"

ကိုကိုပြောတာမှန်ပါတယ် ၊ ဒီမြို့လေးက အပန်းဖြေတဲ့နေရာတစ်ခုလိုဖြစ်နေတဲ့အတွက် သင်တန်းဘာတွေရှား‌တယ်၊ ဒါပေမဲ့လည်း ကြီးမြနဲ့ ဦးတင်ကိုထားမသွားနိုင်ဖူး မွေးကတည်းကတည်းက တူတူနေလာတာ ခွဲခွာရမယ်ဆိုတဲ့ အတွေးကိုတောင်တစ်ခါမျှမတွေးဖူးတာ၊ လက်တွေ့မှာဖြစ်လာတော့ ဝမ်းနည်းတာပဲသိတော့တယ်။

အခရာသိသည် ဒီကလေး ဒီနေရာကိုသံယောဇဉ်အရမ်းတွယ်တယ်ဆိုတာ ၊ ဒါပေမဲ့လည်း ဒီနေရာမှာ နေရင် ဘဝအတွက် ကြိုးစားလို့ရမဲ့အခွင့်လမ်းတွေ မရှိဖူး၊ ပြီးတော့ မြတ်အားမာန်ရှိနေသည့်နေရာမှလား ဘယ်လိုလုပ်စိတ်အေးအေးနဲ့ကလေးငယ်ကို ဒီနေရာမှာစိတ်ချလက်ချထားနိူင်မှာလဲ။

::::::::::::::::::::::::;;

" ကိုကို !"

"ဟင်ပြောလေ မာန်"

"ကိုကို အာရုံတွေဘယ်ရောက်နေတာလဲ စာမေးနေတာကို!"

" အာ ဆောရီး မာန် ဘယ်အပုဒ်လဲ ကိုကို့ ကိုပြ"

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Donde viven las historias. Descúbrelo ahora