အပိုင်း၃(ပြစ်ဒဏ်သင့်သွားသောနှင်းဆီပန်းလေးများ)

5K 320 22
                                    

" ဟေ့ကောင်! မြတ်အားမာန်! "
သန့်လင်းစီက ထွက်ပေါ်လာတဲ့ အသံကြောင့် ရောင်စဉ် ခေါင်းနပန်းကြီးသွားရတယ်။

" ဘာလဲ..ငါ့သောက်နာမည်ခေါ်ပြီးရင် သောက်စကားပြောလေ.."

" မင်း..သောက်ခွေး.."
သန့်လင်းရဲ့အဆဲစကားထွက်လာတော့မဲ့ ပါးစပ်ကို ကျွန်တော်လက်ဖြင့် အမြန်သွားပိတ်ရတယ်။ မဟုတ်ရင် ဒီနေရာမှာ ရန်ပွဲထဖြစ်နိုင်တယ်။ သခင်လေးက ကျွန်တော်တို့ထက်တစ်နှစ်ငယ်တယ်ဆိုပေမဲ့ လူကောင်ကော၊ အရပ်ကော ကျွန်တော်တို့ထက်အများကြီးကြီးပါတယ်။

" အေး ..ဆက်ပြောလေ! မင်းအဖေဆရာဝန်စီမှာ သုံးလလောက်ဆေးရုံတတ်နေချင်တယ်မှလား..သောက်စကားကို ပြီးအောင်ဆက်ပြောလိုက်! "

" မင်း! သောက်ဘဝင်လေဟပ်နေတဲ့ကောင်!"

" အဲ့တာ ငါ့သောက်ကြောင်းလေ! "

တစတစကျယ်လောင်လာတဲ့အသံတွေကြောင့် အခန်းထဲကလူတွေက ပြူတစ်ပြူတစ်နဲ့ပွဲကြည့်နေကြတယ်။ ဆရာမတွေကလဲ အဝေးကနေအခြေအနေစောင့်ကြည့်နေကြတယ်။ သူတို့ဝင်ဆွဲလဲ ဒဏ်ရာရသူတစ်ယောက်ထပ်တိုးသွားရုံအပြင် မရှိဘူးဆိုတာကောင်းကောင်းသိနေကြတာကြောင့် ဝင်ဆွဲဖို့စိတ်မကူးကြ။

တချို့လူတွေကသခင်လေးနဲ့ပြသာနာတတ်တဲ့သူကို စိတ်ဝင်တစားနဲ့လာကြည့်ပေမဲ့ ကျွန်တော်တို့နှစ်ယောက်ဆိုတာသိသွားတဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဝင်သွားကြတယ်။

တစ်ကျောင်းလုံးမှာ သခင်လေးနဲ့ရန်ဖြစ်ရတဲ့လူဆိုလို့ ကျွန်တော်နဲ့သန့်လင်းပဲရှိတာကို..။ အဲ့တာကြောင့်မို့လဲ ကျွန်တော်တို့နှစ်ယောက်က တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေတာ။ ကျွန်တော် သခင်လေးအိမ်က အစေခံမို့လို့ချဉ်ဖတ်ဖြစ်တာဆိုပေမဲ့၊ သန့်လင်းက နယ်မြို့လေးရဲ့ တစ်ဆေးရုံထဲရှိတဲ့ ဆေးရုံအုပ်သားဖြစ်ပြီး ချဉ်ဖတ်ဖြစ်တာ။ အကြောင်းအရင်းက မေးစရာမလိုအောင်ရှင်းနေတာပါပဲ။ သန့်လင်းရဲ့သူငယ်ချင်းက ကျွန်တော်ဖြစ်နေလို့။

နှစ်ယောက်သား ဒေါသတွေအပြန်အလှန်ထွက်ပြီး ရန်ပွဲဖြစ်တော့ကို ကြားထဲမှာ ကျွန်တော်တားရင်း ကြာရင်ငါးဖယ်ဖြစ်တော့မှာ။
နယ်မြို့လေးကို အအေးဓာတ်ကအမြဲလွှမ်းခြုံထားတဲ့အပြင် အအေးတွေနဲ့စိုရွှဲနေတဲ့ကျွန်တော်က နှာချေမိတော့တယ်။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Tempat cerita menjadi hidup. Temukan sekarang