ရောင် သခင်လေးရဲ့အရိပ်အခြေကိုကြည့်ပြီး ထွက်ပေါက်တွေ့လိုတွေ့ငြားပြေးထွက်လာခဲ့တယ်။ လမ်းလျှောက်လိုက်တိုင်း အသားထဲ ဆူးတွေ နစ်ဝင်နေသော်လည်း ပြေးချင်းအမှုကိုမရပ်တန့်နိုင်ခဲ့ဖူး။
ကံကောင်းချင်တော့ထွက်ပေါက်ကို အကြာကြီးမရှာလိုက်ရ၊ မီးခိုခန်းဘေးမှာအပြင်ကိုထွက်တဲ့ တံခါးတစ်ခုရှိနေတယ် ၊ တော်သေးတယ် တံခါးက သော့မခတ်ထားလို့
တံခါးဖွင့်လိုက်တဲ့အချိန်မှာ သံချေးတတ်နေတဲ့ တံခါးဂျက်ကြောင့် အားစိုက်ပြီးဖွင့်ခဲ့ရသေးသည်။
တံခါးဖွင့်ဖွင့်လိုက်ခြင်းမှာပဲ အပြင်ဘက်မှာစိုက်ထားခဲ့တဲ့ နှင်းဆီပင်တွေရဲ့ရနံ့စူးစူးက နှာဖျားဝကိုကျီစယ်လို့နေသည်။ သို့သော်ငြားလည်း ထိုပန်းပင်တွေကို ဂရုမစိုက်နိုင်၊ ထိုအိမ်ကြီးနဲ့ဝေးရာကို အမြန်ပြေးထွက်လာခဲ့တော့သည်။
ရောင်စဉ်ခြေချင်းက တစ်လှမ်းလှမ်းတိုင်း ခံစားလိုက်ရသည့်နာကျင်မှုကပြောမပြလောက်အောင်နာကျင်သော်ငြားလည်း ခြေလှမ်းပေါင်း မြောက်များစွာ အကြိမ်ရေမတွက်နိုင်အောင်လှမ်းပြီးတဲ့အချိန် မှာ ခြေထောက်က နာကျင်တာကိုအသားကျသွားပြီး ဘာခံစားမှုမှမရတော့..၊ ပြောရမယ်ဆို ခြေထောက်က ထုံကျင်သွားခဲ့လေပြီ။
ထိုအိမ်ကြီးကိုအစလေးတောင်မမြင်ရတဲ့အထိပြေးလာသော်လည်း ထွက်ပြေးလာတဲ့လမ်းတစ်လျှောက်မှာ ခြုံနွယ်၊ သစ်ပင်တွေသာတွေ့ခဲ့ရတယ်၊ လူသွားလမ်းနဲ့တူတာဆိုလို့ အစတောင်ရှာမရခဲ့။
နောက်ဆုံး ဆက်မလျှောက်နိုင်လို့လက်လျော့လိုက်တဲ့အချိန်မှာ နေမင်းကြီးက သူ့ဌာနေကိုပြန်သွားလို့နေပြီ၊ အလင်းရောင်ဆိုလို့ ကြယ်တာရာလေးတချို့ရဲ့ လင်းလက်ပေးမှူကြောင့်သာ မြင်ရတော့သည်။
အသိဝင်လာတဲ့အချိန်မှာရောင်စဉ်ဟာ အဆုံးမရှ်ိတဲ့လမ်းထဲရောက်လို့နေခဲ့ပြီ။
ပုစဉ်းရင်ကွဲသံအချို့က ဒီအချိန်မှာရောင်စဉ့်အတွက် နှိပ်စက်တတ်တဲ့အရာတစ်ခုနဲ့တောင်အလားတူနေသည်။
ရောင်စဉ်မျက်နှာပေါ်မှာဖိတ်မခေါ်ပဲကျရောက်လာသည့်မျက်ရည်တွေနဲ့သာစိုစွတ်နေတော့သည်။ ဒီအချိန်မှာ အတမ်းတမိဆုံးလူက ကိုကို၊ သူရဲ့အချစ်ဆုံးလူသားဖြစ်တဲ့ကိုကိုကသာ သတိရမိသည်။
أنت تقرأ
တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)
عاطفيةမြတ်အားမာန်+ရောင်စဉ်ဖြာ started date-2.4.2022 end date. -3.5.2022