Uni
*အသစ်တဖန်ပြန်လည်မွေးဖွားခြင်း*
အပိုင်း၂၁(ဇာတ်သိမ်းပိုင်း)" ဖွားဖွား အဲ့ဆို အဲ့ကောင်လေးသုံးယောက်လုံးကောင်းကင်နိုင်ငံကိုရောက်သွားကြတာပေါ့နော်"
ဂေဟာထဲက အသွက်လေးကထပြီးပြောလာသည်။
"ဒါပေါ့သားလေးရဲ့.."" သားစိတ်မကောင်းလိုက်တာ ရောင်စဉ်လေးကို သိပ်သနားတာပဲ"
ဆိုပြီးတဖွဖွပြောလာကြသည့် ရိပ်ခြုံ မိဘမဲ့ဂေဟာကကလေးငယ်များ။ သူတို့ကတော့ ကလေးပီပီ ရောင်စဉ်ကိုသာ သနားစရာလို့မြင်ကြပေမဲ့ ဒီဇာတ်လမ်းမှာသနားဖို့အကောင်းဆုံးလူက သူတို့လေးတွေ ဗီလိန်လို့တွေးထင်နေတဲ့ သခင်လေးဆိုတာကိုတော့ ထိုကလေးတွေ ဒီတသက် သိနိုင်မှာမဟုတ်တဲ့အမှန်တရား တစ်ခု...။ဒီနေ့ ဒီမြို့ရဲ့ ဒဏ္ဍာရီလို့လည်းဆိုလို့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြနေသည့် ကြောင့် ကျောင်းအုပ်ဆရာမကြီးနားမှာကလေးလေးတွေစုဝေးနေကြခြင်းဖြစ်သည်။
" ဒါက အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပါကလေးလေးတို့ရဲ့ ဘယ်သူနဲ့ပေါင်းဖက်တယ်ဆိုတာအရေးမကြီးဖူး နောက်ဆုံးသူတို့အားလုံးချစ်ရသူရောက်သွားတယ်လေ မဟုတ်ဖူးလား"
"ဟုတ်တယ်"တညီတညွှတ်တည်းပြောလာကြသည့် ကလေးငယ်များကြောင့်သူမနှစ်ခြိုက်စွာပြုံးမိသည်။
" ကဲ အိပ်ချိန်ရောက်ပြီနော်ကလေးတို့ Good night"
"Good nightတီချယ်ကြီး"
လို့ပြောပြီးအသီးသီးကိုယ်ပိုင်အခန်းငယ်လေးတွေစီပြန်ဝင်သွားကြသည်ကြောင့်သူမလဲ ဂေဟာဝန်းထဲက အုတ်ခုံလေးမှာထိုင်ပြီး ညအလှကို ခံစားနေလိုက်သည်။ရှပ် ရှပ်
အနောက်ဘက်ကနေ ရှပ်တိုက်သံကြားလိုက်ရသောကြောင့် သူမပြုံးပြီးလှည့်ကြည့်မိသည်။ ထင်ထားတဲ့အတိုင်း ထိုကလေးငယ် ထိုပုံပြင်ပြောပြီးတိုင်း သူမစီရောက်လာနေကြကလေးငယ်။
" သားလေး အာရုံ မအိပ်သေးဖူးလား"
" ဟုတ် တီချယ်ကြီး သားလေ တီချယ်ပြောတဲ့ ဇာတ်သိမ်းနားကို လက်မခံဖူး"
" အမ်း ဘာကြောင့်လက်မခံရတာလဲ အာရုံ" သူမတွေးဆဆဖြင့်ပြောလိုက်တော့
ESTÁS LEYENDO
တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)
Romanceမြတ်အားမာန်+ရောင်စဉ်ဖြာ started date-2.4.2022 end date. -3.5.2022