Special episode extra 2( U+Z)

1.7K 103 45
                                    

Uni
တစ်လရှိခဲ့ပြီ။
ထိုစံအိမ်ကြီးကို အလည်သွားနေခဲ့တာတစ်လတင်းတင်းပြည့်ခဲ့ပြီ။
စံအိမ်ထဲခြေချလိုက်တိုင်း နှလုံးသားကတဆစ်ဆစ်နာကျင်လာတယ်။
ထိုအိမ်ရဲ့အစိတ်အပိုင်းတိုင်းကိုထိတွေ့လိုက်တိုင်း ပေါ်လာတဲ့ပုံရိပ်ယောင်တွေ။
ဖမ်းဆုပ်မယ်ကြံလိုက်တိုင်း ပျောက်ကွယ်သွားတဲ့ အငွေ့အသက်တချို့။

သူနဲ့ရုပ်ချင်းတူလှတဲ့ကောင်ငယ်လေးတစ်ယောက်ရဲ့ လှုပ်ရှားမှု၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ အကုန်လုံးကိုအမြန်ရစ်ကြည့်နေရသလိုပံ။ ဒီအိမ်ထဲကိုစရောက်ထဲက ထိုကောင်ငယ်လေးရဲ့လှုပ်ရှားမှုတွေကိုသာမြင်နေရသည်။  သူမြင်‌ေနရတဲ့‌ေကာင်‌ေလးကလူအချို့ပြောကြတဲ့ မကျွတ်လွတ်သေးတဲ့ သခင်ငယ်လေး မဟုတ်တာတော့သေချာတယ် ဘာလို့ဆို ထိုကောင်ငယ်လေးက အိမ်နံရံကြီးမှာချိတ်ထားသည့်မိသားစုပန်းချီးကားထဲမှာ မပါဝင်ခဲ့လို့။ ပန်းချီကားထဲက သခင်ငယ်လေးရဲ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရတော့
ပေမယ့် သူမြင်နေရတဲ့ကောင်လေးမဟုတ်တာတော့ အတပ်သိတယ်။

ဒါဆိုရင်သူမြင်နေရတဲ့လူက ဘယ်သူလဲ..။

အတွေးတွေကိုရပ်တန့်ပြီး မစိမ်းသက်လှသည့်အိမ်ကြီးရှေ့မှာ ခြေထောက်အစုံကိုရပ်တန့်လိုက်သည်။

သူအိမ်တံခါးကို သောဖွင့်ဖို့ပြင်လိုက်ပေမယ့် သူမဖွင့်ခင် တံခါးက ပွင့်လာလေသည်။ တံခါးပွင့်လာသည်နှင့်တစ်ပြိုင်နက်တံခါးနောက်ကွယ်မှာလဲ ခပ်ချောချောလူတစ်ယောက်၏ သဏ္ဌာန်က တန်းပေါ်လာလေသည်။

အာရုံရုတ်တရက်ကြောင်အနေမိသည်။
ထိုလူက ကြောင်အနေသည့်သူ့ကို ကြည့်ပြီးနှုတ်ဆက်လာလေသည်။

" အကို့က အားမာန်ရဲ့အကို အခရာပါ  ညီလေးက မင်းလာမယ်လို့ပြောထားလို့ အကို တံခါးလာဖွင့်ပေးတာ"

ထိုအခါမှအာရုံ သတိပြန်ဝင်လာပြီး ပြန်နှုတ်ဆက်လိုက်သည်။

" အာ..ဟုတ် ဒါနဲ့ ကိုမာန်က ဘယ်သွားလို့လဲဟင် "

" သူလား ..မသိပါဖူးကွာ ခနဆိုပြီး ထွက်သွားတာပဲ ၊ လာလာ အထဲဝင် အပြင်မှာနေပူတယ် "

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now