Who is he ?

1.5K 198 21
                                    

< UNICODE >

< UNICODE >

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" wait..woah ! ကျောင်းကအကြီးကြီးပဲ !! "

သူငယ်ချင်းအသစ်လေး ကင်ဆော့ဂျင်၏ အော်သံနှင့် အနောက်ကကပ်မပါလာမှုတွေကြောင့် ဂျီမင်းရှေ့ဆက်မသွားတော့ဘဲ အနောက်ကိုလှည့်ကြည့်လိုက်သည်။ကောလိပ်ကျောင်း၏ ဝင်ပေါက်မှာဖြစ်တာမို့ မျက်လုံးလေးတွေမှိတ်သည်အထိ ဖြူစင်စွာ ပြုံးပျော်နေသော ဆော့ဂျင်အား ရပ်ကြည့်နေလိုက်တော့သည်။

" အဲ့လောက်လည်း စိတ်လှုပ်ရှားမနေပါနဲ့ဦး၊ ငါတို့  တွေ့ကြုံစရာတွေအများကြီးရှိသေးတာမို့ come on "

ဆော့ဂျင် ခေါင်းငြိမ့်ပြလိုက်ပြီး ဂျီမင်းနောက်ကို လိုက်သည်။ဆော့ဂျင်မျက်လုံးတွေသည် ကျယ်လွန်းသော ကျောင်းဧရိယာအနှံ့လိုက်ကြည့်နေပြီး ဆွဲဆောင်မှုရှိသည့် မိန်းကလေးများနှင့်ဆုံရင်တော့ ပိုပြီးစိတ်လှုပ်ရှားလာတတ်သည်။သူလည်း အရွယ်ရောက်ပြီးသား ယောကျ်ားလေးတစ်ယောက်ပဲလေ စကတ်အတိုလေးတွေနဲ့ လှတဲ့ကောင်မလေးတွေကို လိုက်ငမ်းမှာပေါ့ မဟုတ်ဘူးလား။

ရုတ်တရက် ဘေးနားက  ကောင်မလေးတစ်ယောက် ဖြတ်သွားတော့ ဆော့ဂျင်လေချွန်လိုက်သည်။သူမသည် အဖြူရောင်အကျႌလေးနဲ့ ပန်းရောင်စကတ်အတိုလေးဝတ်ထားလေသည်။ ကောင်မလေးတင်ပါးအား ဆော့ဂျင်လိုက်ကြည့်၏။
သူမလှည့်ကြည့်လာတော့ ဆော့ဂျင်မျက်လုံးတွေကို သတိထားမိသွားပြီး ဆော့ဂျင်အား smirk တစ်ခုပြုံးပြလာသည်။

" ဆော့ဂျင် __ "

ဆော့ဂျင် ကပ်ပါမလာတာကြောင့် ဂျီမင်းလှည့်ကြည့်လိုက်ပြီး ကောင်မလေးတစ်ယောက်နဲ့ အီစီကလီ လုပ်နေသော ဆော့ဂျင်အားမြင်တော့ သူ့စကားတွေဟာ လေထဲရပ်တန့်သွားသလို။

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Where stories live. Discover now