Truth

692 115 25
                                    

UNICODE

Update ကြာသွားတဲ့အတ့က် တောင်းပန်ချင်ပါတယ်ဗျ..
အကြောင်းအမျိုးမျိုးကြောင့် update မပေးနိုင်ခဲ့လို့ပါ..။အမြန်ရေးရတာမို့ အမှားပါသွားရင်လည်းနားလည်ပေးကြပါခင်ဗျ..အတတ်နိုင်ဆုံးတော့ မပေါ့သွားအောင် ရေးထားပါတယ်။ကျွန်တော်ကိုယ်တိုင်အရှေ့ပိုင်းတွေပြန်ဖတ်ကြည့်တော့ Dialogue တွေက Please တွေ No တွေ စသဖြင့် အဲ့လိုတွေညှပ်ညှပ်ရေးထားတော့ ဖတ်ရတာအဆင်မပြေဘူးဖြစ်နေတယ် အားရင်တော့ အဲ့ဒါလေးတွေအချိန်ပေးပြီးပြန်ပြင်ပါဦးမယ်နော်..နောက်အပိုင်းတွေကိုတော့ အဲ့လိုမဖြစ်အောင် ကြိုးစားရေးထားပါတယ်။

Update ကြာလို့အသနားခံတဲ့အနေနဲ့ နောက်တစ်ပိုင်းထပ်တင်ပေးပါ့မယ်နော် ဟဲဟဲ...။

...........

ဆော့ဂျင် ဆေးကိုပါးစပ်ထဲထည့်ပြီးတာနဲ့ ရေကို တကျိုက်တည်း မော့သောက်ချပစ်လိုက်သည်။ ရေတွေစိုသွားသော နှုတ်ခမ်းတဝိုက်အား လက်နဲ့သုတ်ချလိုက်ပြီး ကုတင်ပေါ်မှထကာ ဗန်းထဲရေခွက်ပြန်ထည့်လိုက်၏။ထို့နောက် ထိုဗန်းအားမပြီး မီးဖိုချောင်ထဲသွားကာ ဆေးကြောဖို့ပြင်လိုက်သည်။

အခန်းထဲကထွက်ပြီး corridor ထဲလမ်းလျှောက်နေရင်း ဂျောင်ကုအခန်းရှေ့မှအဖြတ် တစ်ခုခုကြားလိုက်ရတော့ မျက်ခုံးတွေအလိုလိုတွန့်ချိုးသွားရ၏။

" ဘာအသံကြီးလဲ "

ဘေးဘီဝဲယာကိုလိုက်ကြည့်ရင်း တီးတိုးရေရွတ်မိသည်။တစ်ယောက်ယောက်စကားပြောနေသံကိုကြားလိုက်ရပေမယ့် ထိုအသံဟာ ဘယ်သူ့အသံလဲ၊ဘယ်ကလာလဲဆိုတာတော့ သူမသိပေ။

" ကီး ~ "

ချက်ချင်းပင် ဂျောင်ကုအခန်းရဲ့မျက်နှာချင်းဆိုင်ကအခန်းကို လှည့်ကြည့်မိလိုက်သည်။သေချာတယ် အသံကအဲ့အခန်းထဲကလာတာ။

" ဒီအခန်းကရော ဘယ်သူနေတာလဲ "

" ဘာလို့အပြင်ကနေ သော့ခတ်ထားတာလဲ နတ်ဆိုးတစ်ကောင်ကိုကျွေးမွေးပြုစုနေတယ်လို့တော့ လာမပြောနဲ့နော် "

" ကိုယ်နတ်ဆိုးကိုထည့်သိမ်းထားတာမဟုတ်ပါဘူး ဒါပေမယ့် လူ...မင်းလိုတအားစကားများတဲ့လူကို အဲ့အခန်းထဲ သော့ခတ်သိမ်းထားမှာ "

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Where stories live. Discover now