Sick

1.4K 160 36
                                    

< UNICODE >

ဟေး...

အကြာကြီးပျောက်သွားလို့ အသနားခံတဲ့အနေနဲ့ 5 ပိုင်းလောက် မနားတမ်းထိုင်ရေးပစ်လိုက်ပါတယ်..

အဲ့တော့ စိတ်မဆိုးကြနဲ့တော့နော်...🥺

ကျွန်တော်လည်း တတ်သလောက်မှတ်သလောက် ဘာသာပြန်တာမို့ အမှားပါသွားခဲ့ရင်တော့ နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ..။

.
.

" ငါသူ့ကို ချစ်တယ် "

ဂျောင်ကုစပြောလာတော့ Mingyu မျက်ခုံးတွေအလိုလိုတွန့်ချိုး၏။နှစ်ယောက်သား Cafe ထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေကြခြင်းပင်..။

" ဒါဘဲ လာပြန်ပြီလား "

" ငါ ဆော့ဂျင်ကို ချစ်တယ်လို့ပြောတာ "

Mingyu မှာကြားကြားချင်းအံ့ဩတုန်လှုပ်လျက် ပြန်ပြောဖို့ပြင်လိုက်သည်။သို့ပေမယ့်

" ဘာလဲ မင်းငါ့ကိုမုန်းသွားပြီလား ငါကယောကျ်ားလေးတွေကိုကြိုက်လို့ မင်းရွံသွားတာလား ငါဂရုမစိုက်တာတော့ မင်းကောင်းကောင်းသိမယ်ထင်တယ် ! ဆက်မုန်း ဆက်ရွံနေလိုက် ! မင်းငါ့ကို Faggot လို့ခေါ်ခေါ် ကြိုက်သလိုခေါ်ကွာ ငါကယောကျ်ားလေးတွေကြိုက်တာပါလို့ မင်းကြိုက်တဲ့သူတွေကိုလည်းသွားပြော ရတယ် ! ငါဘာကိုမှ ေ-ာက်ဂရုမစိုက်ဘူး ဒါပေမယ့်တစ်ခုတော့မှတ်ထား မင်းဘာလုပ်လုပ် ငါကဆော့ဂျင်ကိုချစ်မြဲချစ်နေမှာဘဲ ! "

အံ့ဩသွားတဲ့သူ့မျက်နှာအနေအထားကို ဂျောင်ကုတစ်မျိုးထင်သွားပုံပင်။
စိတ်တိုကာ မနားတမ်းပြောချင်တာပြောဆိုပြီး ခုံမှထလိုက်သော ဂျောင်ကုမှာ Mingyu အား ဘာမှပြန်ပြောခွင့်မပေး..။

" ဘာ ငါ...Shit ! မင်းငါ့ကိုပြန်ပြောခွင့်တောင်မပေးဘဲနဲ့...ပြန်ထိုင် ဂျောင်ကု ငါတို့အခုထိပြောလို့မပြီးသေးဘူး ! "

ဂျောင်ကု ပြန်အော်ဖို့ပြင်လိုက်ပေမယ့် Mingyu မှဖြတ်ကာ

" ငါမင်းကိုမမုန်းဘူး shit ! ပြန်ထိုင်လို့ ! "

ဂျောင်ကုပြန်ပြောမနေတော့ဘဲ ခေါင်းငုံ့ကာထိုင်လိုက်သည်။Mingyu မှာတော့ သူငယ်ချင်းဖြစ်သူအား ဒေါသကြောင့် အသက်ကိုပြင်းပြင်းရှူလျက် စိုက်ကြည့်နေပြီး ဂျောင်ကုစကားတွေက သူ့ကိုအလိုလိုဒေါသထွက်စေသည်။ သူ့ကိုစကားပြောခွင့်တောင်မပေးဘဲနဲ့လေ..။

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Where stories live. Discover now