Be my Remedy

1.2K 171 31
                                    

< UNICODE >

" ဆူယွန်း သွား အပေါ်တက်ပြီး သခင်လေးကိုမေးချည် ညစာအတွက် ဘာပြင်ဆင်ပေးရမလဲလို့ "

" ဘာလို့အမြဲတမ်း သမီးဘဲလဲ အမေသွား ! "

" ရား !! အမေအလုပ်ရှုပ်နေတာမမြင်ဘူးလား "

နောက်ဆုံးတော့လည်း ဆူယွန်းတစ်ယောက် ဆူပုတ်ပုတ်ဖြင့်သာ မီးဖိုချောင်ထဲကထွက်ပြီး အပေါ်ထပ်တက်သွားတော့သည်။

*     *     *

" ကိုယ့်ကိုနမ်း "

ရုတ်တရက်ကြီး ဂျောင်ကုဆီကထွက်လာတဲ့ စကားကြောင့် ဆော့ဂျင်မှာ ဘာပြန်ပြောရမှန်းမသိ..။
နောက်မှသတိဝင်ကာ

" Excuse me ?? "

ဆော့ဂျင်ဆီက အလိုမကျသံကြားမှ ဂျောင်ကု မျက်တောင်ရှည်တွေအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
ဆင်ခြေဆင်လက်ရှာရတော့သည်။

" အာ..ကိုယ်ပြောချင်တာကလေ ကိုယ်သွားတော့မှာမို့ အနမ်းလေးတစ်ပွင့်လောက်ပေးလို့မရဘူးလားလို့.. Drama တွေထဲမှာဆို သိတယ်မလား ယောကျ်ားဖြစ်သူက တစ်နေရာရာ သွားတော့မယ်လို့ပြောရင် မိန်းမဖြစ်သူက နမ်းတယ်လေ...ကိုယ်တို့က ခုထိလက်မထပ်ရသေးပေမယ့် မင်းကကိုယ့်ရဲ့ချစ်သူမလား.. ဆိုတော့ ကိုယ့်ကိုနမ်း "

ဆော့ဂျင်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ပြောစရာစကားလုံးပင် ရှာမတွေ့တော့..။ ဒါတော့နည်းနည်း လွန်သွားချေပြီ..။ ထွက်လာသော ဒေါသကြောင့်သွေးတွေဆူရင်း ဆရာကြီးစတိုင်ဖြင့် လက်နှစ်ဖက်ကို ပိုက်လိုက်သည်။ထို့နောက် ဂျောင်ကုအားစိုက်ကြည့်ရင်း

" မင်းကိုယ်မင်း ငါ့ချစ်သူလို့ခေါ်နေတော့ တော်လိုက်တော့ ! မင်းလုပ်ခိုင်းတိုင်း ငါကအဲ့လိုေ-ာက်ရူးအလုပ်တွေကိုလုပ်မယ်လို့ ထင်နေတာလား ! ငါ့အခန်းထဲက ထွက်သွား !! "

ဆော့ဂျင်အော်ထုတ်ကာ တစ်ဖက်ပြန်လှည့်ပြီး သူ့ပစ္စည်းတွေအား နေရာပြန်ချဖို့ပြင်လိုက်ပေမယ့် လက်မောင်းကနေဆွဲပြီး အလှည့်ခံလိုက်ရတာကြောင့် ဂျောင်ကုနဲ့မျက်နှာချင်းဆိုင်ပြန်ဖြစ်သွား၏။

ဂျောင်ကု ဆော့ဂျင်အား နှာခေါင်းထိပ်လေးတွေထိကပ်သည်အထိ သူနဲ့ပိုနီးကပ်စေတော့  ဆော့ဂျင်မှာ ကြွက်သားတွေနဲ့ပြည့်နေသော ဂျောင်ကုရင်ဘတ်အား ထုရိုက်တော့သည်။

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Where stories live. Discover now