Unicode
ဆော့ဂျင် ရေချိုးပြီးတာနဲ့ ဗိုက်ဆာလာတာမို့ အောက်ထပ်ဆင်းလာလိုက်တော့ ဂျောင်ကုက ညစာစားနေပြီဖြစ်သည်။မျက်နှာချင်းဆိုင်ရမှာ နည်းနည်းအခက်တွေ့ပေမယ့် နောက်လည်းဖြေရှင်းရမှာမို့ လက်ကလေးနှစ်ဖက်ကိုပူးကာ ထမင်းစားစားပွဲဆီ လျှောက်သွားလိုက်၏။
ဂျောင်ကုရှေ့ကခုံမှာထိုင်လိုက်တော့ သူ့ကိုသတိထားမိသွားသော ဂျောင်ကုမှာ စားနေတာကိုရပ်လိုက်ရုံမကဘဲ နှစ်ဇွန်းသုံးဇွန်းသာစားရသေးသော ထမင်းအားဆက်မစားတော့ဘဲ လက်ထဲကဇွန်းအားချလိုက်ပြီး ထွက်သွားဖို့ပြင်၏။ဆော့ဂျင် ကြောင်တောင်တောင်လေးကြည့်နေမိပြီး စကားစပြောဖို့ပြင်တော့ ဂျောင်ကုကသူ့ရှေ့က ထွက်သွားလေပြီ။
ဆော့ဂျင် တစ်စုံတစ်ခုကိုခံစားရပေမယ့် ဒေါသလား ဝမ်းနည်းမှုလား စိတ်မကောင်းဖြစ်မှုလား သူမသိ။
တကယ်ဆို သူက စိတ်ဆိုးဒေါသထွက်ရမှာမဟုတ်ဘူးလား။ဘာလို့ ပြောင်းပြန်လာဖြစ်နေရတာလဲ။ဆော့ဂျင် တွေးကာ ထမင်းလည်းစားချင်စိတ်မရှိတော့တာမို့ ခုံပေါ်ကထကာ အခန်းဆီပြန်ဖို့သာ ပြင်တော့၏။အပေါ်တက်ခါနီးမှ လှေကားနားကနေ ခပ်လှမ်းလှမ်းမှ အနည်းငယ်ပွင့်ဟနေသော အခန်းတံခါးမှ ဂျောင်ကုအားမြင်လိုက်တော့ သူချောင်းကြည့်မိသည်။ဟထားသောတံခါးကနေ ဖြတ်ခနဲမြင်လိုက်ရလည်း ဂျောင်ကုခန္တာကိုယ်အချိုးအစားကိုသိသောသူ့အဖို့ ဂျောင်ကုဆိုတာသေချာသည်။ဂျောင်ကုနဲ့စကားပြောနိုင်ဖို့ ထိုအခန်းဆီ သူလျှောက်သွားလိုက်၏။
ဘာလို့လဲမသိပေမယ့် ဂျောင်ကုက အခုလိုရှောင်နေတော့ နည်းနည်းနေရခက်သည်။ သူတို့နှစ်ယောက်ကြားက ပြဿနာကို သူဖြေရှင်းချင်၏။အခန်းရှေ့ရောက်တာနဲ့ အခန်းတံခါးအား တွန်းဖွင့်လိုက်သည်။
YOU ARE READING
𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]
FanfictionI LOVE him who HATEs me so much..💔 KIM Seokjin ♡ JEON Jungkook