Thank you

658 108 13
                                    

Unicode

Hello

တောင်းပန်ပါတယ်ဆိုတာကလွဲပြီး ပြောစရာမရှိတော့ပါဘူးနော်..။နားလည်ခွင့်လွှတ်ပေးကြပါဗျ..။ဒါနဲ့ update ရှိသေးတာမို့ မအိပ်ကြနဲ့ဦးနော် ။

----------

Driver ရဲ့အကူအညီအဖြင့် သူတို့ဆေးရုံဆီ ထွက်လာခဲ့ကြသည်။ဂျောင်ကုမှာတော့ မျက်လုံးလေးကလယ်ကလယ်ဖြင့် အဘွားဖြစ်သူကိုကြည့်လိုက် အပြင်ကိုကြည့်လိုက်နဲ့ ဗျာများနေရ၏။အိမ်ကစထွက်လာတည်းက အဘွားမှာ သူ့အားဘာမှမပြောဘဲ တစ်လမ်းလုံး ငိုဘဲငိုနေလေသည်။

ဆေးရုံရောက်တာနဲ့ အဘွားက သူ့အားလက်ဆွဲကာ ဆေးရုံ၏တတိယထပ်ကိုခေါ်လာ၏။အခန်းတစ်ခန်းရှေ့ သူ၏ လေးလေးဂျယ် အားမြင်တော့ ပျော်သွားရကာ အဘွားလက်အားဖြုတ်ပြီး ဦးလေးဖြစ်သူဆီပြေးတော့သည်။

" လေးလေးဂျယ် ! "

အသံစာစာလေးကြားလိုက်ရသော မစ္စတာဂျယ်  လှည့်ကြည့်လိုက်တော့ သူ့ခါးတွေအား မမှီတမှီနဲ့ ဖက်လာသော လက်သေးသေးလေးတွေ..။
လေးလေးရဲ့ မျက်ရည်တွေပြည့်နေသော မျက်လုံးတစ်စုံကို ဂျောင်ကုသတိထားမိပေမယ့် ဘာလို့လဲဆိုတာ သူမသိပေ။

" လေးလေး ဘာဖြစ်လို့လဲဟင် ဘာလို့လေးလေးကဒီကိုရောက်နေတာလဲ ဘွားဘွားကရော ဘာလို့ သားကို ဒီခေါ်လာတာလဲဟင် "

မစ္စတာဂျယ် မှာ ဂျောင်ကုကိုကြည့်လိုက် ဂျောင်ကုအဘွားကိုကြည့်လိုက်နဲ့ ထိုမေးခွန်းတွေနဲ့အဖြေအား သူပြောမထွက်နိုင်ခဲ့။
ဂျောင်ကုနဲ့ညီအောင် ဒူးထောက်ထိုင်လိုက်ပြီး လက်မောင်းတွေအား ဆုပ်ကိုင်လိုက်သည်။

" ဂျောင်ကု သားက လိမ္မာတဲ့ကလေးလေးဆိုတော့ လေးလေးပြောတဲ့စကားကို သေချာနားထောင်ရမယ်နော် "

ဂျောင်ကု မျက်ခုံးတန်းတို့ တွန့်ကွေးကာ

" ဘာဖြစ်လို့လဲ လေးလေး..
ဖေဖေနဲ့မေမေကရော ဘယ်မှာလဲ "

ထိုမေးခွန်းအားကြားတော့ မစ္စတာဂျယ် မျက်လုံးစုံအားမှိတ်ကာ မျက်ရည်များ တရဟောကျဆင်းစေသည်။

" သားကိုဘယ်လိုပြောပြရမလဲ လေးလေးမသိတော့ဘူးကွာ ဒါပေမယ့်..... "

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Hikayelerin yaşadığı yer. Şimdi keşfedin