Sorry

829 125 10
                                    

< UNICODE >

" Morning ပါသခင်လေး "

မနက်စာအတွက် အစေခံလေးလုပ်ပေးသော ပေါင်မုန့်မီးကင်အား ကိုက်ဖို့ပြင်နေတုန်း သူ့အား Bodyguard လေးလာနှုတ်ဆက်သည်။ထိုလူသည် ဆော့ဂျင်အားအကြိုအပို့လုပ်ပေးဖို့ သူပြောလိုက်သောသူပင်။ Hwan အား သူပြုံးပြလိုက်ပြီး

" သူ့ကိုကောင်းကောင်းလိုက်ပို့ခဲ့ရဲ့လား "

Hwan ခေါင်းညိတ်ပြကာ ပြုံးပြတော့ သူလည်းပြန်ပြုံးပြရင်း

" Thank You ခင်ဗျားသွားလို့ရပြီ "

ခေါင်းငုံ့အရိုအသေပေးပြီး ထမင်းစားခန်းထဲမှထွက်သွားသော Hwan အား သူလိုက်ကြည့်မိပြီး သက်ပြင်းတစ်ချက်ချမိ၏။

သူ့မှာမနက်က အိပ်ရာထနောက်ကျတာမို့ သူလည်းနိုးလာရော ဆော့ဂျင်ကကျောင်းသွားချေပြီ။အဲ့ဒါနဲ့ မြန်မြန်ဆန်ဆန်ကျောင်းသွားဖို့ပြင်ဆင်လိုက်ပြီး ကားသော့ဆွဲကာ ဆော့ဂျင်နောက်လိုက်ဖို့ပြင်လိုက်ပြီးမှ တစ်ခုခုကိုစဉ်းစားမိသွားပြီး သူမလိုက်တော့ပေ။

ငါသာလိုက်ပို့မယ်လို့ပြောရင် သူငြင်းမှာအသေအချာဘဲ...။

ဂျောင်ကုတွေးမိတုန်း သူ့ Bodyguard အားတွေ့လိုက်ရ၏။အဲ့ဒါနဲ့ဘဲ ထိုလူအား ဆော့ဂျင်ကိုစောင့်ရှောက်ပြီး ဘေးကင်းကင်းနဲ့ အကြိုအပို့လုပ်ပေးဖို့ ပြောရတော့သည်။

သူ့ကို တစ်ယောက်ယောက်က ဘယ်လိုဘဲခြိမ်းခြောက်ခြိမ်းခြောက် ဘယ်လိုဘဲ တိုက်ခိုက်ပါစေ သူမကြောက်ပေ။သို့သော် ဆော့ဂျင်တစ်ခုခုဖြစ်သွားမှာတော့ သူသေမတတ်ကြောက်ရ၏။သူ့အစား ဆော့ဂျင်ကိုတိုက်ခိုက်သွားရင် ဘယ်လိုလုပ်မလဲ။သူရင်ကျိုးရချည်ရဲ့။

ဆော့ဂျင်အား နည်းနည်းလေးတောင် အထိခိုက်မခံနိုင်ပေ..။

ဂျောင်ကုတွေးရင်း ပေါင်မုန့်အား ထပ်မံကိုက်ဖို့ပြင်နေတုန်း

" မင်းဘာလို့သူ့ကိုဒီခေါ်လာရတာလဲ ဂျောင်ကု "

Shit ! ဘာလို့ သူစားဖို့လုပ်တိုင်း လူတိုင်းက လာလာနှောင့်ယှက်နေရတာလဲ ?? သူဒေါသထွက်တာသာ သိတော့၏။ထိုမိန်းမအား ကြည့်လိုက်တော့ ထမင်းစားပွဲထိပ်မှာ မတ်တပ်ရပ်နေလေသည်။သူလည်း မနက်ခင်းကကျက်သရေတုံးသွားရပြီး စားချင်စိတ်လည်းမရှိတော့တာမို့ လက်ထဲက ပေါင်မုန့်အားပြန်ချလိုက်ပြီး ထိုနေရာမှထွက်သွားဖို့ပြင်တော့၏။

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Where stories live. Discover now