Do you know him ?

1.3K 197 18
                                    

< UNICODE >

" ငါက gay ၊ ပျော့ညံ့တယ် စက်ဆုပ်စရာကောင်းတယ် ဘာမှ အသုံးမကျတဲ့ သူတစ်ယောက်။ငါ့လိုလူမျိုးက ဒီကမ္ဘာပေါ်မှာ မွေးကိုမွေးမလာခဲ့သင့်ဘူး။ငါလေ ငါ့ကိုယ်ငါမုန်းတယ် သိလား၊ငါ.... "

ပြောရင်းပြောရင်း နင့်နေအောင်ခံစားရသည်မို့ သူဘာမှဆက်မပြောနိုင်တော့ပေ။တစ်ဖက်မှာလည်း ဆော့ဂျင်တစ်ယောက် ဘယ်လိုနှစ်သိမ့်ပေးရမလဲ မစဉ်းစားတတ်တော့ပဲ မျက်ရည်လေးတွေဝဲလျက်သာ သူ့သူငယ်ချင်းအားကြည့်နေမိသည်။

ဂျီမင်းကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအပေါ် ဆော့ဂျင်စိတ်မကောင်း။

ဂျီမင်းကျောလေးအား တဖြည်းဖြည်းပွတ်သပ်ပေးလိုက်တော့ ဂျီမင်းခန္တာကိုယ်လေးမှာ သူ့ရင်ခွင်ထဲ ပုံကျလာ၏။
ဆော့ဂျင်အား တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ ဆော့ဂျင်ရင်ခွင်ထက် ဂျီမင်းမျက်ရည်ကျ၏။

" ဘာလို့လဲ ဆော့ဂျင် ဘာလို့ ငါပဲလဲ "

ဂျီမင်း၏မေးခွန်းအား ဆော့ဂျင်ဖြေဖို့ရာ စကားလုံးရှာမတွေ့ခဲ့။ဂျွန်ဂျောင်ကုဟူသော လူကိုသာ သူ့စိတ်ထဲအလွန်မုန်းတီးမိတော့သည်။သူ့မျက်လုံးထဲ ထိုကောင့်မျက်နှာပေါ်လာသည့်အချိန် လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်လျက် အမုန်းတွေသည်သာ တိုးသထက်ပိုတိုးပွားလာခဲ့သည်။

ဂျီမင်း၏ ရှိုက်သံကြားမှ အတွေးတွေအားဖြတ်တောက်လိုက်ပြီး ဂျီမင်း၏ ဆံနွယ်တွေအား ခပ်ဖွဖွပွတ်သပ်ပေး၏။

" ရှူး...မင်းက ပျော့ညံ့ပြီး စက်ဆုပ်ရွံမုန်းဖို့မကောင်းသလို အသုံးမကျတာလည်းမဟုတ်ပါဘူး။မင်းလည်း လူသားတစ်ယောက်ပဲဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။မင်းကို လူတွေ ဘယ်လိုပဲဆက်ဆံဆက်ဆံ အဲ့ဒါက သူတို့က လူသားတစ်ယောက်အနေနဲ့ ဘယ်လိုလူတွေဆိုတာ ဖော်ပြနေတာပဲ။ မင်းဘယ်လိုဆိုတာကိုဖော်ပြနေတာ
မဟုတ်ဘူးလေ "

ဆော့ဂျင်၏ နှစ်သိမ့်စကားတွေကြောင့် ဂျီမင်းတဖြည်းဖြည်း အငိုတိတ်လာသည်။ခနအကြာ ဆော့ဂျင်ခန္တာကိုယ်ချင်းခွာကာ ဂျီမင်း၏ မျက်နှာလေးအား ခပ်ဖွဖွကိုင်၏။ငိုထားတဲ့အရှိန်ကြောင့် မျက်လုံးဝိုင်းလေးတွေမှာ ရွှဲစိုနေပြီး နှာခေါင်းထိပ်လေးမှာလည်း ရဲတွတ်နေသောကြောင့် ငိုနေတာတောင် ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ ဆော့ဂျင် ဝန်ခံရမည်။

𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]Where stories live. Discover now