Uni
ညနေရောက်တိုင်း ကံ့ကော်လှိုင်ဆီကို ထွေးလာတတ်သည် ။ လှိုင့်ကိုလည်း တစ်နေ့တာမှာ လုပ်ခဲ့တဲ့ အလွှဲပေါင်းသောင်းခြောက်ထောင်တွေ ၊ ဆေးခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာတွေကို ပြောပြတတ်ပြန်သေးသည် ။တစ်ရက်တော့ ထွေး လှိုင်တို့အိမ်ကိုကို နေ့လည်ဘက်ကြီး ရောက်ချလာသည် ။ ခြံထဲဝင်လိုက်တော့ လှိုင့်ကိုမတွေ့တာကြောင့် ဧည့်ခန်းထဲထိသွားလိုက်သည် ။ ဧည့်ခန်းထဲရောက်တော့ ဦးထွန်းထွန်းနဲ့သူ့အမျိုးသမီးကို တွေ့လိုက်ရတာကြောင့် ထွေးပြုံးပြလိုက်သည် ။
" အထွေးလေ.. လှိုင့်ဆီလာတာလားကွယ့် " ဒေါ်ချိုချို ထွေးကို မေးလိုက်သည် ။
" ဟုတ်တယ် အန်တီချို ။ အန်တီချိုတို့က ဒီနေ့ တစ်ယောက်မှဆိုင်မသွားကြဘူးလား "
" အေးကွယ်... ဒီနေ့နားချင်လို့ "
" ဟုတ်ကဲ့ "
ထွေးတို့ စကားပြောနေတုန်း ကံ့ကော်လှိုင် အောက်ထပ်ကိုဆင်းလာသည် ။
လှိုင် ဝတ်ထားသည်က အဝါရောင် ... ရွှေရောင်ဘက်ကိုသွားသည့်အဝါရောင် ။ တစ်ပတ်လျှိုဆံထုံးကိုလည်း ထုံးထားသည် ။
ဆံထုံးထက်မှာလည်း ကံ့ကော်နှစ်ပွင့်ကို ပန်ထားသည် ။ နှုတ်ခမ်းတို့ကလည်း ရဲမြဲရဲဆဲ ။
အသွင်အပြင်အမူအယာတို့ဟာလည်း တည်ငြိမ်ဆဲ..." တကယ့်ကို ပင်တိုင်စံထိပ်ထားလိုပဲ " ထွေး လှိုင့်ကိုကြည့်ပြီး စိတ်ထဲကနေပြောလိုက်သည် ။
" မမလှိုင်... "
လှိုင်ကတော့ ပြန်မထူး ။ ခေါင်းလေးသာ ညိမ့်ပြလိုက်သည် ။
" မမလှိုင်ကို ထွေးပြောစရာရှိလို့ ... "
" ပြောလေကွယ် "
ထွေး လူကြီးတွေကို တစ်ချက်ကြည့်လိုက်သည် ။
" ခြံထဲသွားပြောရအောင် မမလှိုင် "
" အင်း " ထွေး လှိုင့်လက်ကို ဆွဲလိုက်ချင်ပေမယ့် မဝံ့မရဲဖြစ်နေတာကြောင့် လှိုင့်ဘေးကနေပဲ ကပ်ပြီးလျှောက်လိုက်သည် ။ မျက်နှာကို မကြည့်ဘဲ ခန္ဓာကိုယ်ကို ကြည့်မိတာတောင် မမလှိုင်ကို ထွေးရှိန်လှသည် ။ မော့လည်း မကြည့်ရဲတာကြောင့် အောက်ကိုပဲ ထွေးငုံ့နေမိသည် ။
YOU ARE READING
ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ
Romanceကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးလိုက်မိတယ်💛