Uni
" အငယ်မရေ...ထွက်ခဲ့တော့ဟ "
" လာပြီ အစ်ကိုရဲ့ "
ထွေး အခန်းပြင်ကို ထွက်လာလိုက်သည် ။" အငယ်မ နင် အခုတလောအလှတွေပိုပြင်လာတယ်နော် ။ ဘာလဲ ... ချစ်သူတွေဘာတွေရှိနေပြီလား "
မင်းလွင် ထွေး ပုခုံးကိုလက်နဲ့တို့လိုက်သည် ။" အစ်ကိုကလည်း ပေါက်ကရတွေပြောမနေနဲ့ ။ သွားရအောင် ။ ပြီးပြီ "
" အေးပါကွာ "
မင်းလွင် ခပ်မြန်မြန်ပဲ အောက်ထပ်ကိုဆင်းသွားလိုက်သည် ။
" ဟူး "
ထွေး လေကို မသိမသာမှုတ်ထုတ်လိုက်သည် ။ဆေးခန်းမှာလည်း ခါတိုင်းထက်ပိုပြုံးနေတဲ့ ထွေးကို မင်းလွင် ခဏခဏ သတိထားပြီးကြည့်မိနေသည် ။
" အငယ်မရေ..ငါပြောစရာရှိတယ် "
" ဟုတ် "
ထွေး မင်းလွင်ဘေးကိုသွားထိုင်လိုက်သည် ။" ကံ့ကော်လှိုင်နဲ့ငါ့ကို အောင်သွယ်မပေးချင်ဘူးလား "
" ဟင် "
ထွေး ခေါင်းကိုငုံ့မိသွားသည် ။" အောင်သွယ်တော် လုပ်ပေးစမ်းပါဆိုဟယ် "
" ထွေး... ထွေး မလုပ်ပေးချင်ဘူး အစ်ကို "
" ဘာလို့လဲ ။ မောင်နှမချင်း တစ်ယောက်ကို တစ်ယောက်ကူညီရမယ်လေ "
" ဟို ... မမလှိုင်က ဆရာဝန်တွေကို သဘောမကျဘူး အစ်ကို "
" နင် အောင်သွယ်မပေးချင်တိုင်း ပေါက်ကရတွေပြောမနေနဲ့ "
" အတည်ပြောတာ အစ်ကိုရဲ့ "
" တော်ပါ ။ နင်က အားကိုမကိုးရဘူး "
" ဟင်း..."
ထွေး မတ်တပ်ရပ်ပြီး သက်ပြင်းလေးချလိုက်သည် ။အလုပ်တွေ ကူလုပ်ရင်း ထွေး မင်းလွင်ကို မလုံမလဲ ခဏခဏကြည့်မိနေသည် ။
" အစ်ကို ထွေး ပြန်တော့မယ် "
" နေ့လည်ပဲရှိသေးတယ်လေ "
" ထွေး ဆုဝေနဲ့ချိန်းထားလို့ "
" ဟုတ်လို့လား "
" ဟုတ်... ဟုတ်ပါတယ် အစ်ကိုကလည်း "
" အေးပါ ဟုတ်ရင်လည်းပြီးသာပဲ "
YOU ARE READING
ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ
Romanceကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးလိုက်မိတယ်💛