Uni
အတိတ်တို့သည် ဝေဝါးပါသလား ။ ကံ့ကော်လှိုင်အတွက်တော့ အတိတ်တို့က မဝေဝါးပါချေ ။ကျောင်းတတ်ခေါင်းလောင်းက မထိုးသေးပေ ။
အတန်းထဲတွင် ခုံပေါ်မှောက်အိပ်နေသော ကောင်မလေးတစ်ယောက်ရှိပေသည် ။ ထိုကလေးက အမှန်တကယ်အိပ်ပျော်နေခြင်းတော့မဟုတ်ပါချေ ။ ထိုကလေးကို ကြည့်ကာ တီးတိုးပြောဆိုနေသော ကျောင်းသူနှစ်ယောက်လည်းရှိပေသည် ။" သူ့အဖေက အဖေအရင်းမဟုတ်ဘူးတဲ့ "
" ဟုတ်လား ။ တကယ်လား "
" ဟုတ်တယ် ။ မနေ့ညနေက အမေနဲ့ သူ့သူငယ်ချင်းတွေပြောတာကြားခဲ့တာ ။ သူ့အဖေအရင်းက အခုအဖေတော်ထားတဲ့သူရဲ့အစ်ကိုတဲ့လေ ။ သူ့အဖေတို့မိသားစုက ငွေလည်းတော်တော်မက်တယ်ဆိုပဲ ။ သူ့အဖေအရင်းဆို မိန်းမတအားပွေတာတဲ့ ။ ဒေါက်တာဦးလေးကြီးက သူ့အမေကိုတာဝန်ယူပေးတာကလည်း ငွေကြောင့်တဲ့ ။
အိပ်ပျော်ဟန်ဆောင်နေသောကလေးက ထိုစကားတို့ကိုကြားနေရသည် ။ ကြားရုံမက မည်သူ့ကိုပြောနေကြောင်းပါသိပေသည် ။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ စိတ်ကိုလည်းတင်းထားသည် ။
ထိုကလေး၏ ဒေါသနောက်တွင် ဝမ်းနည်းစိတ်ကလည်းကပ်လျက်ပါလာသည် ။" အဲ့ဒီဒေါက်တာဦးလေးကြီးကလည်း အခု ဖောက်ပြန်နေတယ်ဆိုလားပဲ "
" ဟုတ်လား ။ အဲ့ဒါဆို သူက အဲ့ဒီဘက်ကသွေးပါတာဖြစ်ရမယ် "
ကျောင်းသူနှစ်ယောက်က ခပ်တိုးတိုးလေးရယ်လိုက်သည် ။" အမေ့သွေးရော ၊ အဖေ့သွေးရော အကုန်ပါတယ်ဟေ့ ။ သူ့အမေကလည်း အိမ်ထောင်မကျခင်တုန်းက ခပ်ရှုပ်ရှုပ်တဲ့ "
ရုတ်တရက် ဆတ်ခနဲထလိုက်တဲ့ကျောင်းသူလေးကြောင့် စကားဝိုင်းကရပ်သွားသည် ။
" ငါ့အမေက ဘာဖြစ်နေလို့လဲ ။ နင်တို့မိဘတွေက အလုပ်မရှိကြဘူးလား ။ သူများမကောင်းကြောင်းပဲပြောနေရအောင်အထိ အောက်တန်းစားဆန်ကြတာလား "
သူ့မကောင်းကြောင်းပြောခဲ့သော ကလေးနှစ်ယောက်ကို ထိုကျောင်းသူက စာအုပ်အထူတစ်အုပ်နှင့် ခေါင်းကိုရိုက်ချလိုက်သည် ။
YOU ARE READING
ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ
Romanceကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးလိုက်မိတယ်💛