Uni
အမေဖြစ်သူက သဘောမကျတာကြောင့် ခင်ထွေးမွန် လှိုင့်ဆီသို့ မသွားဖြစ်သည်မှာ တစ်ပတ်ခန့်ပင်ကြာပြီဖြစ်သည် ။ ထိုတစ်ပတ်ခန့်အချိန်အတွင်း ထွေးမျက်နှာကြည်ကြည်လင်လင်လုံးဝမရှိ ။ အစားလည်းကောင်းကောင်းပင်မစား ။ အစ်ကိုနှင့်အမေကိုလည်း စကားသိပ်မပြောပေ ။
ဒေါ်ခင်ခင့်ဘဝမှာ အရေးကြီးသည့်အရာမှာ သားနှင်းသမီးသာဖြစ်သည် ။ ခင်ထွေးမွန် မှိုင်နေတော့ ဒေါ်ခင်ခင်လည်း နည်းနည်းမှ စိတ်မချမ်းသာရပေ ။
ညစာကို စိတ်မပါစွာပင် စားနေသည့် ခင်ထွေးမွန်ကိုကြည့်ကာ ဒေါ်ခင်ခင် စိတ်မကောင်းဖြစ်နေရသည် ။ ခင်ထွေးမွန်ကတော့ ထမင်းစားပြီးသည့်အခါမှာလည်း စကားတစ်ခွန်းမျှပင်မပြောဘဲ အခန်းထဲကိုသွားကာ အိပ်ယာပေါ်လှဲနေလိုက်သည် ။
ထမင်းစားခန်းထဲတွင် ကျန်နေခဲ့သည့် မင်းလွင်ကတော့ အကြောင်းစုံဘာမှမသိတာကြောင့် နားမလည်နိုင်ဖြစ်နေရသည် ။
" အငယ်မက ဘာဖြစ်နေတာလဲ အမေ "
" မပြောတတ်ဘူး သားရေ ။ နောက်မှ မေမေသွားမေးကြည့်ဦးမယ် "
" ဟုတ် "
မင်းလွင် ထမင်းကိုသာ အာရုံစိုက်ပြီးဆက်စားနေလိုက်သည် ။
ညစာစားပြီးတော့ ဒေါ်ခင်ခင်ခင်တစ်ယောက် ထွေးအခန်းဆီသို့ သွားလိုက်သည် ။
" မေမေ ဝင်ခဲ့မယ်နော် သမီး "
" ဟုတ် "
ခင်ထွေးမွန် လှဲနေရာမှ ထထိုင်လိုက်သည် ။
ဒေါ်ခင်ခင် အခန်းထဲကို ဝင်လိုက်ပြီးနောက် ခင်ထွေးမွန်ဘေးတွင် ထိုင်လိုက်သည် ။
" ဝမ်းနည်းနေတာလား သမီး "
ထွေး ခေါင်းကိုခပ်ဖွဖွပင် ညှိိမ့်ပြလိုက်သည် ။
" ဘာလို့လဲ ။ ကံ့ကော်လှိုင်ကြောင့်လား "
" မမလှိုင်က ထွေးကိုပျော်ရွှင်စေပါတယ် ။ မမလှိုင်နဲ့ဝေးရမယ်ဆိုရင်တော့ ထွေး ပျော်နိုင်တော့မှာမဟုတ်ဘူး ။ ပျော်ရွှင်မှုတွေက တစ်သက်လုံးကိုပျောက်ကွယ်သွားမှာ "
YOU ARE READING
ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ
Romanceကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးလိုက်မိတယ်💛