Part 10

5.3K 425 15
                                    

Uni

လေးကိုင်းသဏ္ဍာန်ခပ်ကွေးကွေးဖြစ်နေတဲ့လမင်းကြီးက ကောင်းကင်ထက်မှာ ငွေရည်အိပြီးအလင်းဖြာနေသည် ။ မရေမတွက်နိုင်အောင်များပြားလွန်းတဲ့ကြယ်တွေကလည်း ကောင်းကင်တစ်ခွင်မှာ စိန်ပွင့်များကြဲထားသယောင် တလက်လက်ဖြစ်နေပြန်သည် ။

လှိုင် ပြတင်းပေါက်နားမှာရပ်ပြီး လမင်းကြီးကို မော့ကြည့်လိုက်သည် ။ ခဏကြာတော့ ခေါင်းကိုပြန်ငုံ့ပြီး လက်ထဲကဖုန်းကို အဓိပ်ပါယျပါပါ ကြည့်လိုက်သည် ။ ထို့နောက် တစ်စုံတစ်ယောက်ထံကို ဖုန်းခေါ်လိုက်သည် ။

" ဟလို " တစ်ဘက်က ထွက်ပေါ်လာတဲ့ အသံသေးသေး ။

" ထွေးငယ် "
လှိုင့်အသံက ခပ်တုန်တုန် ။

" ရှင် "
တစ်ခါမှ အခေါ်မခံရဖူးတဲ့ အခေါ်အဝေါ်ကြောင့် ထွေး ရင်တစ်ခုလုံးတုန်သွားရသည် ။

" မမလှိုင် ထွေးကို ဘယ်လိုခေါ်လိုက်တာလဲဟင် "

" မင်းက မကြိုက်လို့လား ။ ဒါဆို တို့မခေါ် "

" ကြိုက်တာပေါ့ "
ထွေး လှိုင့်ကို စကားဆုံးအောင်ပင်ပြောခွင့်မပေး ။

" အင်း "
လှိုင့် အသံက အနည်းငယ် ချွဲနေသယောင် ။

" ဟို မမလှိုင် ။ နောက်လည်း အဲ့လိုလေးပဲ ခေါ်ပေးပါနော် "

" မင်းပဲစဥ်းစားကြည့်လေ ။ ချစ်သူတွေကြားမှာ နူးနူးညံ့အခေါ်အဝေါ်လေးတွေ ရှိသင့်တာပဲ မဟုတ်လား "

" ဟုတ် ။ ရှိသင့်တာပေါ့ မမလှိုင် "

ထွေးရဲ့ ပုံမှန်လိုစကားပြောနေပုံနားထောင်ပြီး လှိုင် မျက်မှောင်ကြုတ်မိသွားသည် ။ 

" ဒါနဲ့ မင်းက လူတင်သေးတာမဟုတ်ဘဲ ဥာဏ်ပါသေးနေတာလား  ။ အလိုက်တာလည်းလွန်ပါလေရောကွာ "

လှိုင် စိတ်မရှည်သလိုပြောလိုက်မှ ထွေး အခြေအနေကိုနားလည်သွားပြီး မျက်နှာကလည်း ချက်ချင်းပြုံးပျော်သွားသည် ။

" ဒါဆို ထွေးက မမလှိုင်ချစ်သူလေးဖြစ်ပြီမို့ ထွေးငယ်လို့ခေါ်ပေးတာပေါ့နော် "

" အင်းပေါ့ "

" အား.... တကယ်ကြီးလား ။ မမလှိုင် ထွေးကိုချစ်တာတကယ်ကြီးလား "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောTempat cerita menjadi hidup. Temukan sekarang