Uni
ခြံထဲမှာ ပန်းပင်တွေရေးလောင်းနေတဲ့ ဆုဝေတစ်ယောက် သူ့ဘေးကို ငူငူငိုင်ငိုင်ရောက်လာတဲ့ ထွေးကိုမြင်ပြီး ကြောင်တောင်တောင်ပင်ဖြစ်သွားလေသည် ။" ဟဲ့ အသံမပေး ဘာမပေးနဲ့ ။ နင့်ဟာက ဘယ်လိုကြီးတုန်း "
" အားး ငါလည်းမသိတော့ဘူး "
ထွေးပုံစံက စိတ်ရှုပ်နေဟန်ရှိသည် ။" ဘာတွေများဖြစ်လာလို့လဲ "
" ငါ နင့်ကို ပြောစရာတွေ အများကြီးရှိတယ် ။ အဲ့တာက ရင်...ဖွင့်စရာလို့ပြောရမလားပဲ "
ထွေး မျက်လုံးကတောင်ကြည့်မြောက်ကြည့် ။" အေးပါ အေးပါ ။ ဒါဆို အခန်းထဲပဲ သွားပြောရအောင်လေ "
ဆုဝေတို့အိမ်က တစ်ထပ်တိုက်ခပ်ကျယ်ကျယ်လေးဖြစ်သည် ။ ဆုဝေကလည်း တစ်ဦးတည်းသော သမီးလေးဖြစ်သည် ။
" လာလာ "
ဆုဝေကပဲ ရှေ့ကဦးဆောင်က ထွေးကို သူ့အခန်းထဲခေါ်သွားလိုက်သည် ။အခန်းထဲရောက်တော့ ထွေး ဆုဝေအိပ်ယာပေါ်ကို ဘုံးခနဲဝင်လှပစ်လိုက်သည် ။
အခန်းပိုင်ရှင်ဖြစ်တဲ့ ဆုဝေကတော့ ခုံလေးတစ်ခုံပေါ် ဝင်ထိုင်လိုက်သည် ။
" ဆုဝေ ငါဘယ်လိုလုပ်ရမလဲ "
" ဘာကိုလဲဟ "
" ငါ မမလှိုင်နဲ့ မတွေ့ရတာလည်း ၄ ရက် ရှိပြီ "
" အင်း အဲ့တာဘာဖြစ်လို့လဲ "
" မသိဘူး ။ ငါ အရမ်းတွေ့ချင်တာပဲ "
" ဘယ်လိုဖြစ်တာလဲ ။ ငါနဲ့တောင် တစ်လလောက်မတွေ့ဘဲနေနိုင်တာကို ။ သူနဲ့ကျမှဘာဖြစ်တာလဲ "
" အဲ့တာကြောင့်ပြောတာ ။ တစ်ခုခုထူးဆန်းနေတာမဟုတ်ဘူးလား ။ ငါ.. ငါ မမလှိုင်ကို ချစ်နေတာများလား ။ လိင်တူနှစ်သက်တာမျိုးလေ "
ထွေး လှဲနေရာမှ ထထိုင်ပြီး ဆုဝေကို မကြည့်ရဲကြည့်ရဲ လှမ်းကြည့်လိုက်သည် ။" နင် တကယ်ကြီးလား "
ဆုဝေကတော့ မျက်လုံးတွေပင် ပြူးနေပြီဖြစ်သည် ။" အင်း တကယ် "
" တကယ်တော့ ငါလည်း သတိထားမိတယ် ။ နင်က အစ်မကြီးချောချောတွေကိုဆို တအားလိုက်ကြည့်တတ်တာလေ "
YOU ARE READING
ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ
Romanceကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးလိုက်မိတယ်💛