Uni
လေလည်းမတိုက် ၊ လလည်းမသာသောညကို လှိုင့်စိတ်ထဲတွင် သဘောမကျဖြစ်နေသည် ။" ဒီည စောစောအိမ်နော် ။ မနက်ဖြန် တို့ မင်းကိုလာတွေ့မယ် "
လှိုင် ထွေးကို ထိုစကားသာပြောပြီး ဖုန်းချလိုက်သည် ။လှိုင် ဝရံတာမှာရပ်နေရင်း တိမ်တွေးဖုံးကာ မည်းမှောင်နေသောကောင်ကင်ကို ငြိမ်သက်စွာကြည့်နေမိသည် ။
" ဟူး....."
လှိုင် သက်ပြင်းချကာ ခြံရှေ့ကိုကြည့်လိုက်သည်။ လမသာသော်ငြား ခြံထဲကတစ်နေရာမှာ မီး
ရောင်ကထိန်နေသည် ။ ကောင်းကင်ကိုမော့ကြည့်ပြီး ထိုင်ခုံပေါ်မှာငြိမ်သက်စွာထိုင်နေသည့် သူဇာကိုတွေ့လိုက်ရတာကြောင့် လှိုင်မျက်မှောင်လေးကြုတ်မိသွားသည် ။" ညကြီးမင်းကြီး ဒီကောင်မလေးလည်း အတွေးတွေနယ်ချဲ့နေပြန်ပြီထင်တယ် ။ အင်းပေါ့လေ ဒီအသက်ဒီအရွယ်ရောက်မှတော့ တွေးစရာတွေလည်း အများကြီးရှိတော့မပေါ့ "
လှိုင် ခေါင်းကိုဖွဖွခါပြီး အခန်းဆီသို့ ပြန်သွားလိုက်သည် ။
" ဟူး... "
ဒီတစ်ခေါက် သက်ပြင်းချရသူက သူဇာပင် ။ရုတ်တရက်မြည်လာတဲ့ဖုန်းကြောင့် သူဇာစိတ်ရှုပ်သွားဟန်ရှိသည် ။
" ဟလို.. ကိုမင်းလွင် "
" ဟို... ညနေက ကျွန်တော်ပြောထားတာလေး.."
" မလှိုင်ကလေ သူ့ဖုန်းနံပါတ်ကို သူများကို ပေးတာမကြိုက်ဘူး "
" သူ မသိအောင်ပေးလို့ရတာပဲလေ ။ အိမ်က အငယ်မလည်း အဲ့လိုပဲ ။ မပေးရဲဘူးဆိုတာချည်းပဲ "
" ဟုတ်ကဲ့ သူဇာလည်း မပေးရဲပါဘူးနော် ။ သူဇာအိပ်တော့မှာမို့ ဖုန်းချလိုက်တော့မယ်နော် "
" သြော်... ဟုတ်ကဲ့ဗျ "
မင်းလွင် ဖုန်းချသွားတော့ သူဇာ ငိုချင်စိတ်ကိုထိန်းမရတော့ပေ ။
" အဟင့်... ဘာလို့ အားလုံးက မလှိုင်ကိုပဲ သဘောကျနေကြတာလဲ ။ အစစအရာရာမှာ မလှိုင်က ငါ့ထက် ဘာလို့အမြဲသာရတာလဲ ။ သူက ဘာတွေများကောင်းနေလို့လဲ ။ ဘယ်သူ့အပေါ်မှ ဖော်ဖော်ရွေရွေမဆက်ဆံတာတောင် သူ့ကိုပဲ ဘာလို့သဘောကျနေကြတာလဲ ။ ငါချစ်နေရတဲ့သူကပါ သူ့ကို ဘာလို့သဘောကျနေရတာလဲ... အဟင့်...မုန်းတယ် ။ မလှိုင်ကိုလည်းမုန်းတယ် ။ အကုန်လုံးကိုလည်းမုန်းတယ် "
YOU ARE READING
ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ
Romanceကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးလိုက်မိတယ်💛