AWY-16

817 51 5
                                    

***Warning အနည်းငယ် အသက်မပြည့်ရင် မဖတ်ပါနဲ့ စကားလုံးကြမ်းကြမ်းတွေ ပါပါတယ်***

တင်းကျပ်စွာ ချုပ်နှောင်ခံထားရခြင်းတွေနဲ့ အတူ ညှီစို့စို့အနံတွေ နှာခေါင်းထဲ အလုံးအရင်းဝင်လာ၏။မျက်လုံးကို ကြိုးစားဖွင့်နေပေမယ့် အမှောင်အတိကျနေတာကြောင့် သူ့မျက်လုံးတွေကိုပါ တစ်ခုခုနဲ့ စည်းထားမှန်း သိလိုက်ရ၏။ဦးနှောက်ကို အလုပ်ပေးရင်း အပြေးအလွှားစဥ်းစားတော့ နောက်ဆုံးသတိရတာက သူတို့အဖွဲ့ club မှာ စကားပြောနေကြတာ။သူတို့ကို တိုက်တဲ့ဖျော်ရည်ထဲ ဆေးခပ်ထားတယ်ထင်၏။ ချက်ချင်းကို အသိစိတ်တွေ လွတ်ကုန်ပြီး ဘာမှမသိတော့တာ..ပြန်သတိရလာတော့ ဒီလိုပုံစံမျိုး ဖြစ်နေပြီ...။

"အိုး...လှုပ်စိ..လှုပ်စိနဲ့ဆိုတော့ သတိရလာပြီ ထင်တယ်..."

"ထွီ...ခွေးသူတောင်းစား...ငါ့ကို လွှတ်ပေးစမ်း...ငါ့လူတွေ ဘယ်ရောက်သွားလဲ..."

"လွှတ်ပေးမှာပါ....အခုတော့ မဟုတ်သေးဘူး...မင်းလူတွေလား...တစ်နေရာရာမှာပေါ့..."

"မင်းတို့ဘယ်သူတွေလဲ...သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင် စကားပြောစမ်း..."

"မလောပါနဲ့...ဂိုဏ်းချုပ်လေးရဲ့....ဟား...ချစ်စရာလေးကွာ...မိန်းမတွေ ထက်တောင် လှသေးတယ်...ဖြူဖွေးနေတာဘဲ..."

"ငါ့ကို လှတယ်ဆိုတဲ့ ကောင်ရဲ့ စောက်ခွက်ကို ကြည့်ချင်လို့ ဖယ်စမ်းပါ မျက်လုံးရှေ့ကဟာ..."

"ဒီလောက်ချုပ်ထားတာကို အသံက မာနေသေးတယ်..ဟေ့ကောင်တွေ ဆေးဘူး ​သွားယူစမ်း..."

ထိုသူက ပြောလည်းပြော Win မျက်လုံးကို စည်းထားတဲ့အစက ခပ်ကြမ်းကြမ်း ဆွဲဖယ်လာ၏။တစ်ဆက်ထဲ ချုပ်ထားတဲ့အရာတွေကို ဖြုတ်ကာ သူ့ကို ထိုင်ရက်ဖြစ်အောင် ဆွဲထူလိုက်၏။သို့ပေမယ့် သူ့လက်နှစ်ဖက်ကို ပူးကိုင်ကာ ကြိုးဖြင့် ချီပြန်၏။

"လွှတ်စမ်း...လာမထိနဲ့..."

အမြင်အာရုံရရခြင်း မျက်စိရှေ့က ကောင်ကို ကြည့်မိတော့ club မှာ သူနဲ့ စကားပြောခဲ့တဲ့သူ။ပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်တော့ သူက သံကုတင်တစ်လုံးပေါ်မှာ ရောက်နေပြီး ခပ်ညစ်ညစ်အခန်းတစ်ခုထဲ ဖြစ်၏။ဟိုတယ်အခန်းလဲ မဟုတ်ဘဲ လမ်းဘေးဇရပ်များလားလို့ တွေးလိုက်မိ၏။

Always With You (Completed)Where stories live. Discover now