AWY-28

752 49 6
                                    

"မောင့်အသည်းရယ် ငြင်းဆန်မနေနဲ့ ထမင်းစားစမ်းပါ..."

"အားနေရင် ထမင်းဘဲ ကျွေးနေတာ ငြီးငွေ့နေပြီလို့...ပြီးတော့ ငါ နေကောင်းနေပြီလို့ မောင်ရဲ့...."

ဆေးရုံမှာဘဲ ရှိသေးတဲ့ Nani ကို Dew က စဖြစ်တဲ့နေ့ထဲက နေ့နေ့ညည စောင့်ရှောက်ပေးနေရင်း ဂရုစိုက်နေတာဖြစ်၏။ထမင်းကျွေးတဲ့ အချိန်တိုင်း ဒီအသံတွေ ကြားရတာမို့ ဂိုဏ်းသားတွေမှာလည်း တော်တော်စိတ်ညစ်နေကြရ၏။

"မောင် တော်တော်လန့်သွားတာ သိလား..."

ရုတ်တရက်ကြီး ထမင်းပန်းကန်ကြီးကိုင်ကာ ဝမ်းနည်းနဲ့ အသံ ပြောလာတဲ့ Dew ကြောင့် Nani မှာ ငြိမ်သက်သွားရ၏။

"မင်းသာ...မောင့်ဆီ ပြန်မလာတော့ရင် ဆိုတဲ့ အတွေးကို မောင် တွေးတောင် မတွေးရဲခဲ့ဘူး..."

"မောင်..."

"ဟုတ်တယ်...မောင် ဆုံးရှုံးလိုက်ရပြီ ထင်ခဲ့တာ... မောင့်ကို လန့်အောင်လုပ်တယ်...အီးဟီး..."

"ဟော...မငိုနဲ့လေ မောင်ရဲ့ ဘာမှ မဖြစ်တော့ပါဘူး..တိတ်တော့နော်..."

"အီးဟီး...လူဆိုးကောင်..."

နေရင်းထိုင်ရင်း ထငိုတဲ့ လောရှည်ကောင်ဟာ ဘယ်ချိန်ထဲက ငိုချင်နေမှန်းမသိတာကို ကြိတ်မှိတ်ခံစားနေခဲ့ပုံရ၏။ချော့လိုက်ကာမှ ဒဏ်ရာရနေတဲ့သူကို အားမနာ သူ့ပုခုံးပေါ် ခေါင်းမှောက်ရင်း တသိမ်သိမ့်ကို ရှိုက်ငိုနေတော့၏။ငိုပါစေလေ အကုန်လုံးက သူကြောင့်ဘဲမို့...။

"မရှက်ဘူးလား...မင်း...."

"ဟင့် ဘာလို့ရှက်ရမှာလည်း...ကိုယ့်ဘာသာ ကိုယ်ငိုတာ..."

"ကလေးကျနေတာဘဲကွာ...."

ရှိုက်ပြီးတောင် ပြောနေပုံထောက်တော့ တော်တော်ဝမ်းနည်း သွားပုံဘဲ...။

"မောင့်ကို ကြည့်ပါရစေအုံး...."

Nani ပြောတော့မှ သူ့ပုခုံးပေါ်က ဖယ်ကာ မျက်နှာကို မော့ကြည့်လာ၏။Nani သူ့ကိုပြုံးပြရင်း နူးနူးညံ့ညံ့လေး ကြည့်ကာ...

"ငါ့ကို အဲ့လောက်တောင် ချစ်တာလား မင်း..."

"ချစ်တယ်..."

Always With You (Completed)Donde viven las historias. Descúbrelo ahora