ဒီနေ့က Mike တို့ပြန်လာမယ့်နေမို့ Bright နဲ့ အဖွဲ့ 3က ဒုခေါင်းဆောင်တွေ လေဆိပ်မှာ ကြိုဖို့ ရောက်နေကြ၏။Win တို့ကတော့ အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲရှိတာကြောင့်လာမကြိုနိုင်ကြ။Gun Smile ကလည်း သူ့ကောင်မလေး စာမေးပွဲဖြေနေတာကြောင့် ကျောင်းကြိုကျောင်းပို့လုပ်ပေးနေ၏။Mike ကို ထိုင်စောင့်နေရင်း သူအတွေးနယ်ချဲ့နေမိ၏။သူတို့တွေ အကုန်လုံးက အသက်ငယ်ငယ်လေးတွေနဲ့ သေစေနိုင်တဲ့ အရာမျိုးတွေကို ရွေးလုပ်နေကြတာ..ချမ်းသာချင်တယ်..အောင်မြင်ချင်တယ်..အာဏာရှိချင်တဲ့ သူတို့ရဲ အိမ်မက်တွေကို တဖြေးဖြေးအကောင်အထည်ဖော်နေတာ...လုပ်သလောက်လည်း အောင်မြင်တဲ့ အသီးအပွင့်တွေကို သူတို့ခံစားနေရပြီ...လူသတ်ဖူးပြီ...အတူတူငိုကြွေးခဲ့ကြဖူးပြီး...ကြောက်ကြောက်ရွံ့ရွံ့နဲ့ mission တွေ ပြီးဆုံးအောင် လုပ်ခဲ့ကြဖူးပြီ...သူ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့လို့ နောင်တဆိုတာ မရခဲ့ဖူးဘူး..တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် စိတ်ပျက်အားငယ်စိတ် ဝင်ခဲ့ပေမယ့် သူက ဘယ်သူမို့လို့လဲ တစ်မိုးအောက် Bright Vachirawit လေ...သူ့ဂိုဏ်းချုပ်လေးကို မြင့်မြင့်မားမားထားနိုင်ဖို့ Metawin မျက်နှာလေး ကြည့်ပြီး အားတင်းခဲ့တာ...။
"ဘာတွေအတွေးလွန်နေတာလဲ ငါ့ကောင်..."
ရုတ်တရက်အသံထွက်လာတာကြောင့် မော့ကြည့်လိုက်တော့ တစ်ကိုယ်လုံးနက်စွေးနေပြီး လက်မှာ ပန်းအိုးကြီး ကိုင်ထားတဲ့ Mike...။အဲ့တော့မှ ရှိုက်ဖွာနေတဲ့ ဆေးလိပ်ကို ထိုးချေကာ မီးသတ်လိုက်ရင်း..
"အာ..ရောက်တောင်လာပြီလား..."
"ကြာပေါ့....လာမကြိုလည်း ရနေတာကိုကွာ..."
Mike က သူ့ကို နှာခေါင်းရှုံကာ ပြော၏။
"မကြိုလို့ရမလား...မင်းလုံခြုံရေးက ရှိသေးတယ်လေ..."
"အေးပါ... သွားကြရအောင်...မင်းတို့အတွက် ပန်းတွေ ဝယ်လာတယ်..."
"အေးပါကွာ..."
Mike နဲ့က နေ့တိုင်းအဆက်အသွယ်ရှိပြီးသားဆိုတော့ ဂိုဏ်းကအကြောင်းတွေ ထွေထွေထူးထူး ပြောပြနေစရာ မလိုတော့...။တစ်ခုဘဲ Top Tap ဂိုဏ်းထဲ ရောက်နေတာကို မသိသေးတာ..။

KAMU SEDANG MEMBACA
Always With You (Completed)
Fiksi Penggemarပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo Revengers ကြည့်ခဲ့တယ်.. အဲ့ထဲမှာ Toman ဂိုဏ်းချုပ် Mikey နဲ့ ဒုဂိုဏ်းချုပ် Draken တို့ရဲ့ relationship လေးကို တကယ် သဘောကျသွားတာ...အဲ့ဒါနဲ့ဘ...