"ဟင်!!! Phi Gun Smile..."
"ကျူရှင်လွှတ်ပြီလား ကောင်မလေး..."
"အင်း...ဘယ်တွေပျောက်နေတာလဲ..ပိန်သွားသလိုဘဲ..နေမကောင်းဘူးလား...ဖုန်းတွေဆက်တာလည်း မရပါဘူး.."
"ဖြေးဖြေးပြောပါ ကောင်မလေးရဲ့..ကိုယ်ထွက်မပြေးပါဘူး.."
"အဲဲ့ဒါဆိုပြောပြ...လက်က..ဘာဖြစ်တာလဲ..."
"အင်း..ကိုယ်အလုပ်သွားနေတာ...အဲ့က ဒဏ်ရာရလာလို့..."
"တော်တော်များနေလား....ဆေးခန်းမသွားဘူးလား..."
"သွားပြီးပါပြီကောင်မလေးရဲ့...ဘာမှမဖြစ်တော့ဘူးနော်.."
"အင်းပါ..."
Phi Gun Smile က စက်ဘီးလေး တွန်းပြီး အိမ်ပြန်ပို့မြဲ။Love စိတ်ထဲ Phi Foei ကို သွားမေးမယ်လို့ဘဲ တေးထားလိုက်၏။Phi Gun Smile တို့က ကျောင်းထွက်သွားကြပေမယ့် သူတို့သူငယ်ချင်း Phi Foei ဆီသို့ မကြာခဏ လာလေ့ရှိကြသည်။
"ကိုကို..."
"ဟင်..."
"Love ကို ဘယ်ချိန်ထိ ဖုံးကွယ်ထားမှာလဲ.."
"ဟင်..ကိုယ်..."
"Love က ငယ်သေးတယ်ဆိုပြီး ဘာမှမတိုင်ပင်ချင်တာလား.."
"မဟုတ်ဘူး...ကိုယ်..."
"အင်းပါ..ထားလိုက်ပါတော့..ကိုကို ပြောလာတဲ့နေ့ဘဲ love စောင့်မယ်...ဟုတ်ပြီလား..."
"အင်း..ကောင်မလေး..."
ကိုကိုက အဆုံးထိ မပြောချင်တဲ့ ပုံစံမို့ love လည်း အတင်းအကျပ်မမေးတော့။တစ်ခြါးသူတွေက တဆင့် ကြားတာတော့ ကိုကိုတို့က ဂိုဏ်းဖွဲ့ထားတာတဲ့။သူမကို ဘာလို့မပြောခဲ့တာလဲ...ဘာလို့မပြောလဲဆို... စဥ်းစားကြည့်တော့ သူမဘက်ကလည်း မမေးခဲ့ဘူးလေ...ဘာတွေလုပ်နေတာလဲ...ဘာအကြောင်းအရာတွေရှိနေလဲ တစ်ခါမှ မမေး...အကြာကြီးပျောက်သွားလိုက်...ပြန်ပေါ်လာပြီး ပုံမှန်အတိုင်း အကြိုအပို့လုပ်ပေးလိုက်...ဒီအခြေအနေကိုဘဲ ကျေနပ်နေခဲ့တာ...ပြီးတော့ ကိုကိုက လူဆိုးလို့ မခံစားရတာကြောင့်လည်း ပါမည်။
"ကိုကို..."
"အင်း..love..."
"Love အထက်တန်းပြီးရင် ဆရာဝန်လုပ်မှာ သိလား..."

KAMU SEDANG MEMBACA
Always With You (Completed)
Fiksi Penggemarပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo Revengers ကြည့်ခဲ့တယ်.. အဲ့ထဲမှာ Toman ဂိုဏ်းချုပ် Mikey နဲ့ ဒုဂိုဏ်းချုပ် Draken တို့ရဲ့ relationship လေးကို တကယ် သဘောကျသွားတာ...အဲ့ဒါနဲ့ဘ...