"သားတို့ရောက်လာတယ် မေမေ...အင်း...သားတို့ပါ...သား မေမေ့ဆီလာချင်နေခဲ့တာ တော်တော်ကြာပါပြီ...ပျက်ကွက်ခဲ့တာတွေအတွက် သားတောင်းပန်ပါတယ်...."
ပြောရင်း အသံလေး တိမ်ဝင်လာတော့ ဘေးနားမှာရှိတဲ့ Vachirawit က ကျောကုန်းလေးကို ဖွဖွလေး ပုတ်ပေးနေ၏။Win တို့က LAမှာရှိတဲ့ မေမေ့အုတ်ဂူရှေ့ကို ရောက်နေတာ ဖြစ်ပြီး ရောက်ရောက်ချင်း ဂါရဝ လာပြုတာဖြစ်၏။
"ပြီးတော့ သားကို စိတ်ချပါ မေမေ...ပြီးတော့ သားဘေးမှာရှိနေတာက Bright Vachirawit ပါ မေမေ...သားအတွက် ဘာမှစိတ်မပူနဲ့တော့နော်...မေမေ..အေးအေးချမ်းချမ်း အနားယူပါ..."
"မေမေ ငြိမ်းချမ်းနေမှာပါ...ကျွန်တော်လည်း Win ကို အကောင်းဆုံး ဂရုစိုက်မယ်လို့ ကတိပေးပါတယ်..."
သူလေးလေးနက်နက်ဆိုတော့ Win က မျက်ရည်တွေ ကျနေတဲ့ ကြားထဲက ပြုံး၏။နှစ်ယောက်သား အတူကန်တော့ပြီးတာနဲ့ Win ပုခုံးလေးကို ဖွဖွဖက်ကာ ပြန်ခေါ်လာခဲ့တော့၏။
"လာ...ဒီကိုရောက်တုန်း...ငါတို့နေခဲ့တဲ့နေရာကို လိုက်ပြမယ်..."
"အင်း...လည်ချင်တဲ့ နေရာတွေရော ရှိသေးလား..."
"ထွေထွေထူးထူးတော့ မရှိပါဘူး..မင်းသွားချင်လို့လား..."
"မရှိပါဘူး...ကိုယ်က မင်းနောက်ဘဲ လိုက်မှာ..."
"Sure?..."
"Always..."
wink တစ်ချက်လုပ်ပြရင်း ပြောတော့ အဖြူရောင်နတ်သားလေးက တဟားဟားအော်ရယ်၏။Bright ရုတ်တရက် ငေးခနဲ ဖြစ်သွား၏သူငေးစိုက်ကြည့်နေမှန်းသိတော့ ရီတာရပ်ရင်း သူ့ကို ပြန်စိုက်ကြည့်လာ၏။ မျက်လုံးချင်းတွေ စကားပြောကြရင်း မျက်လုံးထဲ ထည့်ဖွက်ထားတဲ့ တစ်စုံတစ်ရာကို ရှာဖွေနေကြ၏။ပတ်ဝန်းကျင်ကိုလည်းမေ့...အသက်ရူဖို့လည်း မေ့...။တစ်စုံတစ်ရာကို ရှာဖွေမတွေ့ခင် နှုတ်ခမ်းပေါ်ကို ထိကပ်လာတဲ့ အနမ်းနွေးနွေးတစ်ခုကြောင့် Win မျက်လုံးတွေကို မှိတ်ချလိုက်ရ၏။အပေါ်နှုတ်ခမ်းလေးကို ခပ်ကြာကြာဖိနမ်းပြီး ပြန်ခွာသွား၏။အချစ်တွေ ပြည့်လျှံနေတဲ့ မျက်ဝန်းနက်နက်လေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြရင်း နောက်ထပ်တစ်ကြိမ် ထပ်နမ်းပြန်၏။အသိစိတ်တွေလည်း လွတ်မနေကြ...မူးနေလို့ နမ်းမိကြတာလည်း မဟုတ်...ဒီအတိုင်း..ဒီအတိုင်းလေး..နမ်းချင်စိတ်တွေ ဖြစ်လာတာကြောင့် နှစ်ဦးသဘောတူ နမ်းရှိုက်ခဲ့ကြတာ....။

YOU ARE READING
Always With You (Completed)
Fanfictionပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo Revengers ကြည့်ခဲ့တယ်.. အဲ့ထဲမှာ Toman ဂိုဏ်းချုပ် Mikey နဲ့ ဒုဂိုဏ်းချုပ် Draken တို့ရဲ့ relationship လေးကို တကယ် သဘောကျသွားတာ...အဲ့ဒါနဲ့ဘ...