AWY-19

808 46 4
                                    

"အမေ...မသွားပါနဲ့..သားကို ထားမသွားပါနဲ့...အမေ..."

ညသန်းခေါင်ယံအချိန်မှာ ငိုရှိုက်သံက အမှောင်ထုကို ထိုးဖောက်ကာ ထွက်ပေါ်လာ၏။ငိုသံသဲ့သဲ့ကြောင့် တစ်ဖက်ခန်းမှာ အိပ်နေတဲ့ Bright မှာလည်း လှုပ်လှုပ်ရှားရှား...သေချာအာရုံစိုက်နားထောင်ကြည့်မိတော့ သူ့ဂိုဏ်းချုပ်လေး အခန်းဆီက...ဘာမှကို မတွေးနိုင်ခင်မှာဘဲ သူ့ခြေလှမ်းတွေက အလိုလို Win အိပ်ခန်းရှေ့ရောက်သွား၏။

"အဟင့်ဟင့်..."

လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ပြီး အခန်းထဲ ခပ်သွက်သွက်ပြေးဝင်လာလိုက်၏။သူ့ဂိုဏ်းချုပ်လေး အိမ်မက်ယောင်နေတာ... တစ်လျှောက်လုံး ဒီလိုဖြစ်တာ တစ်ခါမှ မကြုံဖူးခဲ့..အခုမှ ဘာလို့လဲ...။

"ငယ် ! ငယ်!  ကိုယ်ရှိတယ်လေကွာ...သတိထားပါအုံး...ငယ်"

"အဟင့် အမေ..မေမေ..."

"ငယ်ရာ..."

မချိတင်ကဲဖြစ်စွာဖြင့် ရေရွတ်မိတော့၏။အိမ်မက်ထဲ ဘာတွေကြုံနေရလို့ အဲ့လောက်တောင် ငိုကြွေးနေရသလဲ..။အိမ်မက်ယောင်ရင်း လက်တွေကို လှုပ်ရှားနေတော့ ဖမ်းချုပ်ယူကာ သူ့ရင်ခွင်ထဲ ကိုယ်လုံးလေးပါ ဆွဲသွင်းလိုက်မိ၏။ပါးစပ်ကလည်း နှစ်သိမ့်တဲ့စကားတွေ တတွတ်တွတ် ရေရွတ်ရင်းပေါ့...။

"ကိုယ်ရှိတယ်...ကိုယ်ရှိတယ်နော် ငယ်..."

"အင်း..."

ခဏကြာတော့ ငြိမ်ကျသွားပြီး အသက်ရှုမှန်မှန်နဲ့ ပြန်အိပ်ပျော်သွား၏။အဲ့တော့မှ ရင်ခွင်ထဲ ပွေ့ထားတာမှ ထုတ်ကာ ခေါင်းအုံးပေါ် ငြင်ငြင်သာသာလေး ချပေးလိုက်၏။နှဖူးပေါ်က ချွေးစေးတွေကိုလည်း လက်ကိုင်ပုဝါလေးနဲ့လည်း အသာအယာသုတ်ပေးလိုက်၏။

"ကိုယ် ပစ်ထားမိတာ ဒီတစ်ညနေထဲပါ ငယ်ရာ.."

တကယ်လည်း တစ်ညနေထဲရယ်.. နေ့လည်ကမှ ဂိုဏ်းကို ရောက်လာတာကြောင့်ရော  သူ့ကို ပွင့်ပွင့်လင်းလင်း မပြောရလားဆိုပြီး လေသံမာမာ ပြောမိရာက စကားများထားကြတာ...မင်း လုပ်ချင်ရာ လုပ်လို့ ပြောပြီး ထားပစ်ခဲ့မိတာ... ဂိုဏ်းချုပ်နှစ်ယောက် စကားများတော့ ကျန်တဲ့လူတွေလည်း မနေသာ.... ငယ်ကလည်း သူ့ကို တစ်ခွန်းမှ ပြန်မပြောဘဲ သူ့အိပ်ခန်းထဲဘဲ တန်းဝင်သွားရာက အိပ်ပျော်သွားတယ် ထင်၏။သူအပြင်သွားပြီး ပြန်လာတော့ အိပ်ပျော်နေပြီ ပြောကြပေမယ့် ဝင်ကြည့်ချင်စိတ်မရှိတာကြောင့် သူ မဝင်ကြည့်မိ။ငိုသံကြားတဲ့အချိန်မှသာ ဝင်လာကြည့်မိတာ...။သူမသိပေမယ့်လည်း လက်ကလေးကို ဆုပ်ကိုင်ကာ အိပ်ပျော်နေတဲ့နား ဝင်ထိုင်ကာ ဆံပင်လေးတွေကို ဖွဖွလေး သပ်တင်ပေးနေမိ၏။

Always With You (Completed)Où les histoires vivent. Découvrez maintenant