"ဟတ်...ဟတ်ချိုး...!!!.."
"မနေ့က မိုးမိသွားတာလား Bright..."
"ဟုတ်တယ် Foei..နည်းနည်း..."
"အင်း..မသေသေးဘူး မှတ်လား..."
"ဟုတ်တယ်...အသက်နဲ့ အဝေးကြီး..."
"ဒီကောင်တွေကတော့..."
Mikevနဲ့ Gun Smile ကပါ ဝင်နှောက်တာကြောင့် Bright က သူတိူ့နှစ်ယောက်အား လိုက်ရိုက်တော့၏။
"ဟေ့ကောင်တွေ...ရပ်အုံး...ငါပြောစရာရှိလို့..."
"ပြော...ဘာဖြစ်လို့လဲ..." Foei လှမ်းအော်တော့မှ အရှိန်သပ် ပြီး Foei အနားပြန်ရောက်လာကြ၏။ဒါတောင် မျက်နှာပိုးတွေက မသေသေးဘဲ ပြုံးစိပြုံးစိ လုပ်နေကြသေးတာ..။
"မင်းတို့ သတင်းတွေ မကြားဘူးလား...The Ghost အကြောင်း..."
"မသိဘူး...ဘာဖြစ်လို့လဲ..."
"မနေ့က မြို့လယ်က စားသောက်ဆိုင်မှာ ပစ်ခတ်မှုတွေ ဖြစ်သွားတယ်တဲ့ ညဘက်ကြီး...ပြည်သူ တစ်ယောက်ထိသွားတယ်လို့ ကြားတယ်..."
"ဟင်!!!..."
"ဘာအကြောင်းနဲ့ ဖြစ်တာလဲ သိလား Foei..."
"သေချာတော့ မသိဘူး Bright.. ဒါပေမယ့် အဲ့စားသောက် ဆိုင်က သူတို့ဆေးရောင်းနေကျနေရာတဲ့ ရဲတွေကို Crown က ပိုက်ဆံနဲ့ ပိတ်ထားတော့ ရဲတွေက ဘာမှ မလုပ်ကြဘူး.."
"Crown ပါ ပါလာပြီးလား.."
"ပါလာပြီလေ နဂိုထဲက The Ghost ကို သူထောက်ပံ့နေတာဘဲ...အခုက The Ghost က အင်အားကြီးလာတော့ Crown လည်း အကြိုက်လိုက်နေရတယ် ထင်တယ်..."
"သူတို့ဘာသာ ဖြစ်တာက အရေးမကြီးဘူး..အပြစ်မဲ့တဲ့ ပြည်သူတွေတော့ မထိစေနဲ့ပေါ့..."
"အေး..အဲ့သတင်း ကြားပြီး ငါ့အမေက အသွားအလာ သတိထားဖို့ဘဲ ပြောနေတာ..."
"အင်း သတိတော့ ထားကြပေါ့...ဒါပေမယ့် ကိုယ့်ရှေ့မှာ တစ်စုံတစ်ယောက် ဒုက္ခရောက်နေရင်တော့ လစ်လျူမရှူကြနဲ့..."
"အေးပါ..." Bright ရဲ့ ပြောစကားကို Gun Smile တို့ သုံးယောက်က ခေါင်းငြိမ့်ထောက်ခံ၏။Bright က သူ့ဂိုဏ်းကို အင်အားကြီးအောင် ဘာမဆိုလုပ်ရမယ်ဆိုရင်တောင် တစ်ခြား အပြစ်မဲ့တဲ့သူတွေကို မထိခိုက်အောင် ကာကွယ်မယ်လို့ တွေးထားတာကြောင့် သူ့သူငယ်ချင်းတွေကိုပါ အဲ့စိတ်လေး ရိုက်သွင်းပေးထားတာ။
![](https://img.wattpad.com/cover/299617264-288-k967853.jpg)
ŞİMDİ OKUDUĞUN
Always With You (Completed)
Hayran Kurguပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo Revengers ကြည့်ခဲ့တယ်.. အဲ့ထဲမှာ Toman ဂိုဏ်းချုပ် Mikey နဲ့ ဒုဂိုဏ်းချုပ် Draken တို့ရဲ့ relationship လေးကို တကယ် သဘောကျသွားတာ...အဲ့ဒါနဲ့ဘ...