4

2.8K 592 22
                                    


Unicode

လုလုသည်  ယင်းလျန်ရဲ့ အိမ်နား လမ်းတစ်လျှောက် သူရဲ့ ပန်ကိတ်လှည်းကိုရပ်ထားစဉ် ဟွမ်းဟိုင် က  သူ့အိတ်ထဲမှ အေပရွန်ကို ထုတ်လိုက်ပြီး သူ့ထံသို့ ပစ်ပေးလေသည်။

"မင်းဘာလို့မျက်တွင်းတွေကျနေတာလဲ?" 

လုလုက မေးလိုက်သည်။

"ဘယ်နတ်ဆိုးနဲ့ ဝင်တိုးမိမှန်းမသိပါဘူးကွာ" ဟွမ်းဟိုင် က သည်းမခံနိုင်တော့ဘဲ "နေ့တိုင်း ညသန်းခေါင်ဆို ဖုန်းတစ်လုံးက ငါ့ဆီဆက်ပြီး နိုင်ငံခြားစကားတွေလာပြောနေတာ"

လုလု သူ့ရဲ့ ခါးစည်းကို ချည်နှောင်ပြီးနောက် ငုံ့ကြည့်ပြီးမေးလိုက်၏။

"ဒီမှာဘာလို့ခွေးရဲ့ တင်ပါးပုံက ပါနေရတာလဲ?"

ဒီအေပရွန်မှာ အဝါရောင်ဖြစ်ပြီး ရှေ့တည့်တည့်မှာတော့ corgi ခွေးအမျိုးအစားရဲ့ တင်ပါးပုံကြီးရှိနေလေသည်။

"အခုခေတ် straight ကောင်လေးတွေဒီလိုမျိုးတွေ ကြိုက်ကြတာ၊ချစ်စရာကောင်းတယ်လေ။"

"တကယ်ကြီးလား?" လုလုကသူ့ကိုမျက်စပစ်ပြလိုက်ရင်း သူနှုတ်ခမ်းသူသပ်လိုက်ကာ

"straight ကောင်လေးတွေအကုန်လုံးက မင်းလို ဖြူဖြူစင်စင်လေးတွေလား?"

"မင်းရဲ့ ဖောက်ပြန်ချင်တဲ့အကြည့်ကို အခုချက်ချင်းဖယ်လိုက်" ဟွမ်းဟိုင် က သူ့ကို တွန်းလိုက်ပြီး "မဟုတ်ရင်..."

"သူ ဒီမှာ!!!!" 

လုလု လှည့်ကြည့်လိုက်ပြီး ဟွမ်းဟိုင်ကို အဓိပ္ပါယ် ပါသော အကြည့်ကို ပေးလိုက်သည်။

  "မြန်မြန်၊ ငါ့ကို ကြမ်းကြမ်းလေးဖက်ထား!"

"ငါလူး..." ဒါကဟွမ်းဟိုင် အတွက် မဖြစ်နိုင်တဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်းသူက သူ့သူငယ်ချင်းကို သူ့ရင်ခွင်ထဲသို့ မကျေမနပ် ဆွဲသွင်းလိုက်သည်။

"ဒီထက်ပိုတင်းတင်းဖက်အုံး" လုလုက ပြောလိုက် သည်။ "မိန်းကလေးတစ်ယောက်ကို ပြည့်တန်ဆာလုပ်ဖို့ အတင်းအကြပ်လုပ်သလိုမျိုး၊မင်းရဲ့ ရှိသမျှအားတွေသုံးပြီး ငါ့ကို အနိုင်ကျင့်လိုက်"

ပန်ကိတ်လှည်းလေးWhere stories live. Discover now