11

2.1K 442 7
                                    


Unicode

ဟွမ်းဟိုင်သည် တိဇန်းနောက်မှ မြို့၏ဆင်ခြေဖုံးတွင်ရှိသော နှစ်ထပ်အိမ်ကြီးတစ်ခုသို့ လိုက်သွားခဲ့သည်။သူတို့ အဆောက်အဦးထဲကို ဝင်လိုက်သည်နဲ့ တိဇန်းက သူ့ကိုမေးလာလေသည်။

"အိုး ဟုတ်သားပဲ၊ ငါပေးခဲ့တဲ့ပန်ကိတ်လှည်းကို တခြားသူကိုပေးလိုက်တာလား?"

"ဘာကိုမင်းပေးထားတာလဲ?ငါဝယ်ထားတာ" ဟွမ်းဟိုင်က သူ့ရှေ့မှ လက်နှစ်ချောင်းကို ထောင်ပြလိုက်ပြီး "နှစ်ထောင်နဲ့"

ယနေ့တွင် သူသည် အားကစားဝတ်စုံနှင့် အဖြူရောင်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး လိုက်ဖက်သော Limited Edition လက်ကောက်တစ်ခုနှင့်အတူ ရိုးရှင်းပြီး လူငယ်ပုံစံဝတ်ဆင်ထားသည်။

"ငါ မနေ့က တော်တော်ကြည့်ကောင်းတဲ့ကောင် လေးနဲ့တွေ့ခဲ့တယ်" တိဇန်းက သူ့ကို သဘောကျတဲ့မျက်နှာပေးနဲ့ ကြည့်လိုက်ပြီး

"လှည်းတွန်းပြီး ပန်ကိတ်ရောင်းနေတာ"

"အိုး၊ သူက ငါ့သူငယ်ချင်း၊ ပြီးတော့ လှည်းကို သူ့အတွက် ဝယ်ခဲ့တာ"

ဟွမ်းဟိုင်ရဲ့ လေသံတွင် သံသယကင်းသည့် အရိပ် အယောင်များပါနေခဲ့သည်။ "မင်း ငါ့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ? ငါကလူဆိုးဂိုဏ်းတွေနဲ့ ပေါင်း နေတယ်ဆိုတာကို ငါ့အဖေသိရင် ငါ့ကိုအသေရိုက် သတ်လိမ့်မယ်"

တိဇန်း က သူ့ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး ဆိုဖာပေါ် တင်လိုက်ကာ

"အဲ့ဒါငါ့လှည်းလေ မင်းကသူ့ကိုပေးလိုက်တယ်ပေါ့?"

သူရဲ့ ရင်ဘတ်တွင်ရှိတဲ့ ကြီးမားသော တက်တူးများက ပေါ်လာလေသည်။ ဟွမ်းဟိုင်က အံအားသင့်စွာချောင်းကြည့်လိုက်၏ ၊ ပြောစရာတောင်မလိုဘူး စောက်ရမ်းဆက်စီကျတာပဲ ။

"အမှန်အတိုင်း ပြောရရင် ချမ်းသာပြီး ချောတဲ့ ကောင်လေးကို မျှားဖို့ ငါ့သူငယ်ချင်းက မင်းရဲ့လှည်းကို သုံးနေတာ"

ဟွမ်းဟိုင်ဝန်ခံလိုက်သည်။

"ချမ်းသာပြီး ချောတဲ့ကောင်လေး?"

"ထပ်မမေးနဲ့တော့။ ဒါက သူ့ကို ဆွဲဆောင်ဖို့ နည်းဗျူဟာတစ်ခုလေ"

ပန်ကိတ်လှည်းလေးWhere stories live. Discover now